
ထျန်းကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များတွင် တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာ ပညာရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာက ကြီးမှူးကျင်းပသော “ဥရောပ ဆရာ/ဆရာမများ တရုတ်နိုင်ငံသို့ လာရောက်သည့် အထူးလေ့လာရေးသင်တန်း — နိုင်ငံတကာ အသေးစားအသိအမှတ်ပြုလက်မှတ် (Micro-credential) သင်ရိုးညွှန်းတမ်း သင်တန်း” ကို တရုတ်နိုင်ငံ ထျန်းကျင်း သက်မွေးဝမ်းကျောင်းနှင့် နည်းပညာတက္ကသိုလ်တွင် ကျင်းပလျက်ရှိပြီး ဂရိနိုင်ငံရှိ Edessa အသက်မွေးဝမ်းကျောင်းပညာအထက်တန်း ညကျောင်းမှ ဆရာ/ဆရာမ ၉ ဦးသည် ထျန်းကျင်းမြို့၌ ၁၀ ရက်ခန့် သင်ယူလေ့ကျင့်မှု ပြုလုပ်လျက်ရှိသည်။
သင်တန်းအစီအမံအား ဂရိနိုင်ငံမှ ပါဝင်တက်ရောက်သော ဆရာ/ဆရာမများ၏ အထူးပြုဘာသာရပ်နောက်ခံနှင့် သင်ကြားရေးလိုအပ်ချက်များကို အခြေခံ၍ စက်မှုလုပ်ငန်းသုံး စက်ရုပ်၊ လျှပ်စစ်နှင့် စက်မှုစနစ်များ တပ်ဆင်ခြင်းနှင့် ချိန်ညှိခြင်း၊ စက်ရုပ်ပရိုဂရမ်ရေးဆွဲခြင်း စသည့် လက်တွေ့ပညာရပ်များကို ကိုယ်ပိုင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စီစဉ်ရေးဆွဲထားသည်။ ယင်းတွင် စာသင်ကျောင်းများသို့ သွားရောက်လေ့လာခြင်းနှင့် တရုတ်ရိုးရာယဉ်ကျေးမှုကို တွေ့ကြုံခံစားခြင်း များလည်းပါဝင်သဖြင့် တရုတ်နိုင်ငံ၏ အသက်မွေးပညာကျောင်းပညာရပ်သင်ကြားရေး၏ ဝိသေသလက္ခဏာများနှင့် နိုင်ငံတကာအတွေ့အကြုံဖလှယ်မှုများကို ရှင်းလင်းမြင်သာစွာ တိုက်ရိုက်လေ့လာနိုင်သည်။
တရုတ်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ဆရာ/ဆရာမများအား လေ့လာပျိုးထောင်ရေးတွင် အရေးပါသော နေရာတစ်ခုအနေဖြင့် ထျန်းကျင်း အသက်မွေးဝမ်းကျောင်းဆရာအတတ်သင်တက္ကသိုလ်သည် အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာ ဆရာ၊ ဆရာမများ လေ့ကျင့်မွေးထုတ်ပေးရေးလုပ်ငန်းကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပြီး တရုတ်အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လက်တွေ့ဆောင်ရွက်မှုများကို တက်ကြွစွာ စူးစမ်းရှာဖွေလျက် ရှိသည်။ အဆိုပါတက္ကသိုလ်သည် ကျောင်းအတွင်း ထူထောင်ထားသော တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး စင်တာ၏ အတွင်းရေးမှူးရုံးကိုအားထားကာ တရုတ်နိုင်ငံသို့လာရောက် လေ့ကျင့်သင်ယူခြင်း၊ ဆရာ/ဆရာမများလေ့ကျင့်ရေး စသည့် နိုင်ငံတကာစီမံကိန်းများကို ဆက်လက် တာဝန်ယူကျင်းပ၍ တရုတ်နိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေးပုံစံကို ကမ္ဘာတစ်ဝန်းသို့ မိတ်ဆက်ပေးရန် ဆက်လက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ (Xinhua)
………………………..
(Chinese Version)
从欧洲到天津,希腊教师团在中国当“职教学生”
新华社照片,天津,2026年10月15日
连日来,由中国—上海合作组织职业技术教育合作中心承办的“欧洲教师来华专题研修班——国际微证书课程培训”在天津职业技术师范大学举行,来自希腊埃德萨夜间职业高级学校的9名教师在津进行约10天的研修学习。
研修班结合希腊参训教师的专业背景与教学需求,量身设置工业机器人、机电系统装调、机器人编程等实训课程,并安排院校参访、中国文化体验等活动,直观展现我国职业教育特色与国际交流经验。
作为我国职教师资培养的重要阵地,天津职业技术师范大学深耕职教师资培育,积极探索中国职业教育改革实践,依托设立在学校的中国—上海合作组织职业技术教育合作中心秘书处,持续承办来华研修、师资培训等国际项目,不断推动中国职教模式走向世界。
图说1:10月14日,欧洲教师来华专题研修班开班仪式在中国—上海合作组织职业技术教育合作中心举行。 新华社记者 李然 摄
图说2:10月15日,在天津职业技术师范大学,希腊教师参加工业机器人技术应用工程实践专业培训课程。新华社记者 赵子硕 摄








