တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရီပင်းမြို့ ကောင်းရှန့်ခရိုင်တွင် ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်ကြောင့် လူ ၁၃ ဦး အနည်းငယ်ဒဏ်ရာရ
ချိန်တူး၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရီပင်းမြို့ ကောင်းရှန့်ခရိုင်၌ ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံးသူမရှိဘဲ လူ ၁၃ ဦး အနည်းငယ်ဒဏ်ရာရရှိပြီး အချိန်မီ ဆေးကုသရန် ပို့ဆောင်ပြီးဖြစ်ကြောင်း၊ လူ ၁၉၆ ဦးကို အရေးပေါ် အန္တရာယ်မှတိမ်းရှောင်ရန် ရွှေ့ပြောင်းနေရာချထားခဲ့ကြောင်း ဇွန် ၂၉ ရက် နံနက် ၄ နာရီခန့်တွင် ရီပင်းမြို့ ငလျင်ဒဏ်ခုခံရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ညွှန်ကြားမှုဌာနမှ သိရှိရသည်။တရုတ်နိုင်ငံ ငလျင်ကွန်ရက် (CENC) တိုင်းတာမှုအရ ဇွန် ၂၉ ရက် ၀ နာရီ ၁၂ မိနစ်တွင်