ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အအုံ အပြင်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အအုံ အပြင်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် သူလျှိုလုပ်ငန်းလုပ်ကိုင်သည်ဟူသော သံသယဖြင့် ဂျပန်သတင်းထောက်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည့်ကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Nikolai Nozdrev ကို ခေါ်ယူတွေ့ဆုံခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တရားဝင်ဝက်ဘ်ဆိုက်မှ ထိုနေ့ ထုတ်ပြန်သော သတင်းအရ ဂျပန်ဘက်က ခေါ်ယူတွေ့ဆုံမှုတွင် ရုရှားအနေဖြင့် သက်ဆိုင်ရာသတင်းအချက်အလက်များကို တတ်နိုင်သမျှ အမြန်ဆုံး ပေးအပ်ရန်၊ ထိန်းသိမ်းခံထားရသော ဂျပန်နိုင်ငံသားအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးခံစားခွင့်နှင့် တရားမျှတသော ဆက်ဆံမှုကို ရရှိရေး အာမခံပေးရန် တောင်းဆိုခဲ့သည်။ ယခုအချိန်အထိ ဂျပန်အစိုးရသည် ထိန်းသိမ်းခံထားရသူနှင့် ပတ်သက်၍ ရုရှားဘက်၏ မည်သည့်ရှင်းလင်းချက်ကိုမျှ မရရှိရသေးကြောင်း ဂျပန်ဘက်က ထုတ်ပြန်ခဲ့သည်။

ရုရှားဘက်က ဆာခါလင်ပြည်နယ်တွင် ဂျပန် Hokkaido Shimbun သတင်းစာ Yuzhno-Sakhalinsk ရုံးခွဲ၏ သတင်းထောက်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းအား သူလျှိုလုပ်ငန်းလုပ်ကိုင်သည်ဟူသော သံသယဖြင့် စွဲချက်တင်ခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုက အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုသတင်းထောက်ကို ဖမ်းဆီးထိန်းသိမ်းချိန်တွင် ၎င်းသည် ရုရှားနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေပြီး ၎င်းကို မော်စကိုမြို့သို့ ပို့ဆောင်ထားပြီးဖြစ်ကာ လက်ရှိတွင် အဆိုပါအမှုကို တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရုရှားမီဒီယာများ၏ အောက်တိုဘာ ၁၃ ရက် ဖော်ပြချက်အရ သိရသည်။ (Xinhua)

..........................

(Chinese Version)

日本外务省就日本记者被拘留事件召见俄罗斯大使

新华社东京10月14日电(记者李子越 张天宁)针对俄罗斯以涉嫌从事间谍活动为由拘留一名日本记者一事,日本外务省14日召见了俄罗斯驻日本大使尼古拉·诺兹德廖夫。  

据日本外务省官网当日发布的消息,日方在召见中要求俄方尽快提供相关信息,并确保被拘留的日本公民获得人道主义待遇及公平、公正的对待。日方称,截至目前,日本政府尚未收到俄方关于被拘留人员的任何说明。  

俄罗斯联邦安全局13日发布通报说,俄方在萨哈林州拘留了日本《北海道新闻》驻南萨哈林斯克的一名记者,指控其涉嫌从事间谍活动。  

据俄罗斯媒体13日报道,该记者被拘留时正准备离开俄罗斯,其已被押送至莫斯科,目前案件仍在进一步调查中。(完)

图说:这是1月17日在日本东京拍摄的国会外景。新华社记者 贾浩成 摄