
ဝါရှင်တန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
ရုရှား၏ စွမ်းအင်အဆောက်အအုံများကို ယူကရိန်းဘက်က ပိုမို၍ တိုက်ခိုက်မှုများ ပြုလုပ်ပါက အမေရိကန်အနေဖြင့် ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်အားလုံး မျှဝေခြင်းကို ချက်ချင်း ရပ်တန့်မည်ဟု အမေရိကန် ထောက်လှမ်းရေးအရာရှိက အမေရိကန်နိုင်ငံရှိ ယူကရိန်းသံရုံးထံ သတိပေးခဲ့ကြောင်း အမေရိကန် The Washington Post က အောက်တိုဘာ ၁၄ ရက်တွင် ယင်းကိစ္စရပ်နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
အမေရိကန်ဘက်က အောက်တိုဘာ ၁၂ ရက်တွင် အထက်ပါ ခြိမ်းခြောက်မှုကို ထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံသည် ယူကရိန်းနှင့် ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေမှုကို အပြည့်အဝ ဖြတ်တောက်ခြင်း မရှိသေးသော်လည်း ဤခြိမ်းခြောက်မှုမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ထိုရင်းနှီးကျွမ်းဝင်သူက ဆိုသည်။
သတင်းအရ ယူကရိန်းစစ်တပ်သည် အဓိကကျသော စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်ရန် လုံခြုံပြီး စစ်ရေးသုံး ဗားရှင်း “စတားလင့်” (Starlink) အင်တာနက်ဝန်ဆောင်မှုတစ်ခု ဖြစ်သည့် “စတားရှီးလ်ဒ်” (Starshield) ကို မှီခိုနေရသည်။ လွန်ခဲ့သော တစ်ညတွင် အမေရိကန် SpaceX ကုမ္ပဏီ၏ လည်ပတ်နေသော Starlink ဂြိုဟ်တုအင်တာနက်စနစ် terminals စက်ကိရိယာများတွင် အမြန်နှုန်းကန့်သတ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် သက်ဆိုင်ရာ သတိပေးချက်များကို ကြိုတင်၍ မရရှိခဲ့သောကြောင့် လုပ်ငန်းတာဝန်အများအပြား ရပ်တန့်သွားခဲ့ရကြောင်း ယူကရိန်းသမ္မတ၏ အကြံပေး Beskrestnov က အောက်တိုဘာ ၁၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား ဖော်ပြခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ဤကန့်သတ်ချက်များသည် မူဝါဒအပြောင်းအလဲတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း ဟုတ်၊ မဟုတ်ကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော ဝန်ထမ်းတစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
သက်ဆိုင်ရာစနစ်သည် ယခင်က အမြန်နှုန်းကန့်သတ်မှုမရှိခဲ့သောကြောင့် ယူကရိန်းစစ်တပ်သည် ပစ်မှတ်များကို လျင်မြန်စွာ၊ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အမြန်နှုန်းကန့်သတ်မှုသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အာမခံမှုနှင့် ဒရုန်းစသည့် စနစ်များ လည်ပတ်မှုကို ထိခိုက်စေနိုင်ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံက အသုံးပြုနေသော “စတားရှီးလ်ဒ်” ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားရာ အသုံးပြုမှုအမြန်နှုန်း သို့မဟုတ် အသုံးပြုသည့် ရည်ရွယ်ချက်နှင့်သက်ဆိုင်သော မည်သည့်ကန့်သတ်ချက်များကိုမဆို အမေရိကန်စစ်တပ်က ဆုံးဖြတ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်မှာ အမေရိကန်သမ္မတပေါ်တွင် မူတည်ကြောင်း အမေရိကန် SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က အောက်တိုဘာ ၁၄ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေမှုကို မရပ်တန့်သေးသော်လည်း သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်နိုင်ဖွယ်ရှိသည့် သတိပေးချက်ကို ယူကရိန်းဘက်က လက်ခံရရှိထားပြီးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန်မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရမ့်က ထိုနေ့တွင်ပင် အမေရိကန်ဘက်က ယူကရိန်းနှင့် ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေမှုကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။ (Xinhua)
………………………………..
(Chinese Version)
美媒:美国威胁停止与乌克兰共享情报
新华社华盛顿10月14日电 美国《华盛顿邮报》14日援引一名知情人士的话报道称,美国情报官员警告乌克兰驻美国大使馆,如果俄罗斯能源设施遭到乌方更多袭击,美国将立即停止与乌克兰共享所有情报。
这名知情人士称,美方12日发出上述威胁,虽然美国目前尚未完全切断与乌克兰的情报共享,但这一威胁依然存在。
报道称,乌军依赖一个安全、军事化版本的“星链”互联网服务即“星盾”来进行关键军事行动。乌克兰总统顾问别斯克列斯特诺夫14日在社交媒体发布消息说,过去一晚,美国太空探索技术公司对运行中的“星链”卫星互联网系统终端实施限速。乌军事先并未收到相关警告,导致多个任务中断。
报道同时援引乌国防部一名不具名工作人员的话说,乌国防部尚不清楚这些限制是否由政策变化所致。
报道称,相关系统此前没有限速,使得乌军能够迅速、有效打击目标。限速可能影响后勤保障及无人机等系统运行。
美国太空探索技术公司首席执行官埃隆·马斯克14日在社交媒体上说,乌克兰使用的“星盾”卫星通信系统由美国政府拥有和控制,任何有关使用速度或用途的限制由美国军方决定,最终取决于美国总统。
乌克兰总统泽连斯基13日在接受美国媒体采访时表示,美国尚未停止情报共享,但乌方已收到相关合作可能中止的警告。美国总统特朗普同日表示,美方仍在与乌克兰共享情报。(完)
图说:10月14日凌晨,在乌克兰基辅市杰斯尼扬斯基区,救援人员在清理遭袭的居民楼。 新华社发(彼得·德鲁克摄)








