ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပြင်ဘက်၌ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပြင်ဘက်၌ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်ပြည်သူများသည် အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံး အနီး၌စုဝေးကာ မကြာသေးမီရက်ပိုင်းက ဖြစ်ပွားခဲ့သော ဂျပန်အခြေစိုက် အမေရိကန်စစ်သားက အိုကီနာဝါစီရင်စုမှ အမျိုးသမီးတစ်ဦးအား လုယတ်သတ်ဖြတ်ခဲ့မှုဖြင့် စွပ်စွဲခံရသည့် အမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး မကြာမီကျင်းပတော့မည့် ဂျပန်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်ခဲ့ကြသည်။

အဆိုပါစုဝေးပွဲ၌ ဆန္ဒပြသူများက “အိုကီနာဝါမှ အမေရိကန်စစ်တပ်စခန်း ထွက်သွား” ၊ “အမေရိကန်စစ်တပ် လူမသတ်နဲ့တော့” စသည့် ဆောင်ပုဒ်များ ကြွေးကြော်နေကြသည်ကို သတင်းထောက်က  တွေ့မြင်ခဲ့ရသည်။ ဂျပန်နိုင်ငံရဲတပ်ဖွဲ့မှ ရဲကားများစွာ ရောက်ရှိလာပြီး ရဲအင်အားဖြန့်ကြက်ကာ အခြေအနေကိုထိန်းသိမ်းခဲ့ရာ ဆန္ဒပြသူများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူ Ishiyama က အဆိုပါဖြစ်စဉ်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသည် အိုကီနာဝါစီရင်စု၌ စစ်တပ်စခန်း ဟူသော ဝန်ထုပ်ဝန်ပိုးကိုအတင်းအဓမ္မထားရှိရာ “ဂျပန်နိုင်ငံအား ကာကွယ်စောင့်ရှောက်ခြင်း” ဟူသည့် အမည်ခံအောက်တွင် အိုကီနာဝါစီရင်စု ပြည်သူများသည် စတေးခံရသည့် နယ်ရုပ်များ ဖြစ်လာကြောင်း ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။

အခြားဆန္ဒပြသူတစ်ဦး Matsumoto က အမေရိကန်စစ်သားများ အိုကီနာဝါစီရင်စု၌ ဆက်လက် အခြေစိုက်နေသရွေ့ အလားတူအမှုများ ဖြစ်ပွားဦးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

အမေရိကန်စစ်တပ်က အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပုံမှန်တာဝန်ထမ်းဆောင်မှုကို ၂ ရက်ကြာ ရပ်တန့်ခြင်း၊ ရက်ပေါင်း ၃၀ ညအပြင်မထွက်ရန်ကန့်သတ်ခြင်း စသည့် အစီအမံများကို လုပ်ဆောင်ခဲ့ရာ ယင်းသည် မကြာမီကျင်းပမည့် စစ်ရေးလေ့ကျင့်မှုအပေါ် သက်ရောက်မှုဖြစ်ခြင်းအား ရှောင်ကြဉ်ရန် ဖြစ်နိုင်ပြီး “အလားတူအမှုများ ထပ်မံဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရေးအတွက် အစစ်အမှန် ရည်ရွယ်ခြင်းမဟုတ်ပေ”။

အောက်တိုဘာ ၄ ရက်တွင် အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့က အမေရိကန်စစ်တပ် Futenma စခန်းလက်အောက်ရှိ မရိန်းတပ်ဖွဲ့ဝင် Devin Ballard ကို ဖမ်းဆီးခဲ့သည်။ ၎င်းသည် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက အိုကီနာဝါစီရင်စု နာဟာမြို့ ဟိုတယ်တစ်ခုတွင် ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ပိုက်ဆံအိတ် စသည့်ပစ္စည်းများအား လုယူသွားကြောင်း သံသယရှိသည်ဟု စွပ်စွဲခံထားရသည်။

အိုကီနာဝါစီရင်စု လွှတ်တော်က အောက်တိုဘာ ၉ ရက်တွင် ဆန့်ကျင်ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်နှင့် အကြံပြုလွှာကို အတည်ပြုခဲ့ပြီး အလားတူအမှုများ ထပ်မံဖြစ်ပွားခြင်းအား ကာကွယ်ရန် ထိရောက်သော အစီအမံများ လုပ်ဆောင်၍ ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက်အား အရင်းခံမှပြင်ဆင်ရန် တောင်းဆိုခဲ့သည်။

လူသတ်မှုကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့်ကြားမှပင် ဂျပန်နှင့် အမေရိကန်တို့သည်  အောက်တိုဘာ ၁၉ ရက်မှ ၂၉ ရက်အထိ Keen Sword ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်ထားဆဲဖြစ်သည်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ပူးတွဲစစ်ဦးစီးချုပ် Hiroaki Uchikura က လက်ရှိတွင် စစ်ရေးလေ့ကျင့်မှု၌ ပါဝင်သည့် တပ်ဖွဲ့အမျိုးအစား၊ လေ့ကျင့်မှုပမာဏနှင့် လေ့ကျင့်မှုနေရာကို ပြောင်းလဲရန် မစဉ်းစားထားသလို အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်မှုကို ပယ်ဖျက်ရန်လည်း အစီအစဉ်မရှိကြောင်း အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပြင်ဘက်၌ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပြင်ဘက်၌ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသူကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

日本民众集会抗议驻日美军暴力犯罪

新华社东京10月14日电(记者梁晨 李林欣)日本民众14日晚在东京的美国驻日本大使馆附近举行集会,抗议近日发生的驻日美军士兵涉嫌抢劫杀害冲绳女性案件,并反对即将举行的日美联合军演。  

记者在现场看到,抗议者高呼“美军基地撤出冲绳”“美军别再杀人”等口号。日本警方出动多辆警车,部署警力维持秩序,其间与抗议者发生推搡。  

抗议者石山在接受记者采访时说,这起事件骇人听闻。日本长期把基地负担强加给冲绳,在所谓“保卫日本”的名义下,冲绳民众成为可以被舍弃的棋子。  

另一位抗议者松本表示,只要美军士兵继续驻留冲绳,类似案件就还会发生。美军在事件发生后采取暂停日常勤务两天、实施30天夜间外出限制等措施,可能是为避免影响即将举行的军演,“并非真正着眼于防止类似案件再次发生”。  

本月4日,冲绳县警方逮捕隶属美军普天间基地的海军陆战队员德文·巴拉德。他涉嫌于3日凌晨在冲绳县那霸市一家酒店杀害一名当地女性,并抢走钱包等物品。冲绳县议会9日通过抗议决议和意见书,要求采取有效措施防止类似案件发生,并从根本上修订日美地位协定。  

尽管命案引发强烈抗议,日美仍计划于19日至29日举行“利剑27”联合演习。日本统合幕僚长内仓浩昭9日表示,目前不考虑改变参演军种、演习规模和训练地点,也不考虑取消美国海军陆战队参加。(完)

图说:10月14日,民众手持标语在位于日本东京的美国驻日本大使馆外参加抗议活动。新华社记者 贾浩成 摄