
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မရှင်ရုံး အကြီးအကဲ ဟယ်လိဖုန်းက အောက်တိုဘာ ၁၄ ရက်တွင် ပေကျင်းမြို့၌ အမေရိကန် Bridgewater Associates တည်ထောင်သူ Ray Dalio နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟယ်လိဖုန်းက ယခုနှစ်သည် “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စတင်သည့်နှစ်ဖြစ်ပြီး တရုတ်စီးပွားရေးသည် ဆန်းသစ်တီထွင်မှု၊ အရည်အသွေးမြင့်မားမှုနှင့် ကောင်းမွန်တိုးတက်မှုဆီသို့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သည် အောင်မြင်မှုအပြည့်အဝ ရရှိခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အနက်အဓိပ္ပါယ်ရှိကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် သဘောတူညီချက်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုများသည် အပြန်အလှန်အကျိုးဖြစ်ထွန်းသော၊ မျှတသော၊ အပြုသဘောဆောင်သော ရလဒ်များစွာကို ရရှိခဲ့ပြီး နှစ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေး၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိကြောင်း ပြောကြားခဲ့သည်။
Ray Dalio က တရုတ်စီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် အခွင့်အလမ်းများကို အကောင်းမြင်ယုံကြည်မှု ရှိပြီး အမေရိကန်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

..................................
(Chinese Version)
何立峰会见美国桥水投资公司创始人达利欧
新华社北京10月15日电 中共中央政治局委员、中央财办主任何立峰14日在京会见美国桥水投资公司创始人达利欧。
何立峰表示,今年是“十五五”开局之年,中国经济保持向新向优向好发展态势。习近平主席对美国事访问取得圆满成功,对于双边关系下一步的发展具有重大意义。在两国元首战略共识引领下,中美经贸磋商达成一系列互利、平衡、积极成果,有利于两国及全球经济的稳定和发展。
达利欧表示,看好中国经济发展前景和机遇,愿为推动美中经贸合作继续发挥积极作用。(完)
图说:10月14日,中共中央政治局委员、中央财办主任何立峰在北京会见美国桥水投资公司创始人达利欧。 新华社记者 丁林 摄


960d03691a324546d54661e76dd9cba84138fe0b.article_card.avif)





