အင်ဒိုနီးရှားနိုင်ငံ ဗဟိုကလီမန်တန်ပြည်နယ် Palangka Raya မြို့တွင် ဆိုင်ကယ်စီးနေသူတစ်ဦးက မီးခိုးမြူများကြား ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဗဟိုကလီမန်တန်ပြည်နယ် Palangka Raya မြို့တွင် ဆိုင်ကယ်စီးနေသူတစ်ဦးက မီးခိုးမြူများကြား ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မကြာသေးမီက မီးခိုးမြူများ ထူထပ်စွာဖုံးလွှမ်းမှုကြောင့် နှစ်လအတွင်း အင်ဒိုနီးရှားနိုင်ငံ သက်ဆိုင်ရာဒေသများ၌ အသက်ရှူလမ်းကြောင်း ရောဂါကူးစက်မှု ဖြစ်ပွားသည့် လူနာအရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာရာ အောက်တိုဘာ ၁၃ ရက်အထိ အစီရင်ခံတင်ပြသော လူနာအရေအတွက် ၂၈၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ဩဂုတ် ၁၈ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် မီးခိုးမြူများဖုံးလွှမ်းခံရသည့်ဒေသများ၌ အသက်ရှူလမ်းကြောင်း ကူးစက်မှုဖြစ်ပွားသည့် လူနာဦးရေ စုစုပေါင်း ၂၈၃,၂၇၀ ဦး မှတ်တမ်းတင်ထားကြောင်း အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လတ်တလော သီတင်းပတ်အနည်းငယ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဒေသများစွာ၌ တောမီးနှင့် မီးခိုးမြူများ သက်ရောက်ခံရခြင်းကြောင့် ဒေသအချို့၏ လေထုအရည်အသွေးသည် “အန္တရာယ်များခြင်း” အဆင့်သို့ ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ခြောက်သွေ့သော ရာသီဥတုအချိန် ရောက်တိုင်း မကြာခဏ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားလေ့ရှိသည်။ ယခုနှစ်တွင်မူ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် တောမီးဘေးအန္တရာယ်သည် အထူးပင်ဆိုးရွားခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ ဒေသအများအပြား၌ တောမီးရှို့၍ မြေယာရှင်းလင်းခြင်း နည်းလမ်းကလည်း မြေဆီလွှာပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်ကာ တောမီးအန္တရာယ်ကို တိုးပွားသွားစေသည်ဟု သစ်တောနှင့် ဂေဟပညာရပ် ကျွမ်းကျင်ပညာရှင်များက ထောက်ပြကြသည်။

မီးခိုးမြူများ ဖုံးလွှမ်းထားသော စင်ကာပူနိုင်ငံ Marina Bay အဆောက်အဦအနီး၌ နှာခေါင်းစည်း တပ်ဆင်ကာ သွားလာနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မီးခိုးမြူများ ဖုံးလွှမ်းထားသော စင်ကာပူနိုင်ငံ Marina Bay အဆောက်အဦအနီး၌ နှာခေါင်းစည်း တပ်ဆင်ကာ သွားလာနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီးခိုးမြူများ ပျံ့နှံ့မှုသည် အနီးတစ်ဝိုက်နိုင်ငံများ၌ သိသိသာသာ ခံစားရသည်။ စင်ကာပူနိုင်ငံ အမျိုးသား သဘာဝပတ်ဝန်းကျင် ဦးစီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံ အနောက်ဘက်ခြမ်း လေထုညစ်ညမ်းမှု အညွှန်းကိန်းသည် “အလွန်မြင့်မားသော” အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ PM 2.5 ပြင်းအားသည် တစ်ကုဗမီတာလျှင် ၂၈၈ မိုက်ခရိုဂရမ်ထက် ကျော်လွန်လျက်ရှိရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသော ကမ္ဘာလုံးဆိုင်ရာ လေထုအရည်အသွေးလမ်းညွှန်ပါ PM2.5 “ဘေးကင်းလုံခြုံကြောင်း အတိုင်းအတာ” တစ်ကုဗမီတာလျှင် ၅ မိုက်ခရိုဂရမ် အဆင့်ထက် များစွာ ကျော်လွန်နေကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် မီးခိုးမြူများကြောင့်ဖြစ်ပွားသည့်ရောဂါများ ကုသရန် ဆေးကုသမှုစရိတ် ပံ့ပိုးပေးထားကာ လေထုညစ်ညမ်းမှုဒဏ် ပြင်းထန်စွာခံရသော ဒေသခံပြည်သူများကို နှာခေါင်းစည်းများ ဝေပေးထားကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည်။

မလေးရှား၊ အရှေ့တီမော၊ ဖိလစ်ပိုင် နိုင်ငံတို့တွင်လည်း သက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။ အရှေ့တီမောနိုင်ငံ အစိုးရက အောက်တိုဘာ ၁၅ ရက်မှစ၍ နိုင်ငံတစ်ဝန်း စာသင်ကျောင်းများ စာသင်ကြားမှု ၃ ရက် ရပ်နားကြောင်း ကြေညာခဲ့ပြီး မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များကို အတတ်နိုင်ဆုံး အိမ်တွင်း၌ နေထိုင်ခိုင်းရန်၊ အပြင်ထွက်ရန် လိုအပ်ပါက နှာခေါင်းစည်း စသည့် အကာအကွယ်များ တပ်ဆင်ရန် တိုက်တွန်းခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

烟霾弥漫 印尼近两月呼吸道急症超28万例

新华社北京10月14日电 印度尼西亚卫生部14日通报,受近期烟霾影响,近两个月来该国相关地区呼吸道感染病例激增,截至13日已报告超过28万例。

印尼一名卫生部官员在当天新闻发布会上说,8月18日至10月13日,印尼受烟霾影响地区共记录283270例呼吸道感染病例。

近几周来,印尼多地持续受到林火和烟霾影响,部分地区空气质量达到“危险”级别。印尼每到天气干燥季节便常发林火,而今年受厄尔尼诺现象影响,林火灾害尤其严重。另外,林业和生态学专家指出,印尼多地烧荒开垦的做法也改变了土壤环境,增加了林火风险。

烟霾飘散,周边国家感知明显。新加坡国家环境局14日说,当天新加坡城西空气污染指数达到“非常高”级别,PM2.5浓度达到每立方米288微克,大幅超过世界卫生组织发布的全球空气质量指南中的PM2.5“推荐安全限度”即每立方米5微克水平。新加坡已为烟霾相关疾病的治疗提供医疗补贴,并向受空气污染影响严重的居民发放口罩。

马来西亚、东帝汶、菲律宾也受到影响。东帝汶政府已宣布从15日起全国学校停课三天,呼吁家长让孩子尽量待在室内,如需出门要戴口罩等防护用品。(沈敏)

图说1:10月13日,在印度尼西亚中加里曼丹省帕朗卡拉亚,一名骑行者在烟霾中拍照。新华社发(雷吉娜摄)

图说2:9月14日,人们佩戴口罩行走在烟霾笼罩中的新加坡滨海湾建筑附近。 新华社发(邓智炜摄)