ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဒုံးကျည်အပိုင်းအစများကြောင့် ပျက်စီးသွားသော ကားကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Saudi Civil Defense/Handout via Xinhua)
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဒုံးကျည်အပိုင်းအစများကြောင့် ပျက်စီးသွားသော ကားကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Saudi Civil Defense/Handout via Xinhua)

ကူဝိတ်စီးတီး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ယင်းအဖွဲ့သည်‌ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ထံသို့ နောက်ထပ် ပဲ့ထိန်းဒုံးကျည် တစ်လုံး ပစ်လွှတ်ခဲ့ပြီး ယီမင်နိုင်ငံ တောင်ပိုင်းရှိ အစိုးရတပ်ပစ်မှတ်ထံသို့ ပဲ့ထိန်းဒုံးကျည် သုံးလုံး ပစ်လွှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် ဆိုခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yahya Sarea က လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ဟူသီလက်နက်ကိုင်အဖွဲ့သည် ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့် ရီယတ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်အား တိုက်ခိုက်ခဲ့ကြောင်း၊ ဒုံးကျည်သည် ပစ်မှတ်အား “တိတိကျကျ တိုက်ရိုက်” ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခြားတစ်ကြိမ် တိုက်ခိုက်မှုအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့သည် ယီမင်နိုင်ငံ တောင်ပိုင်း Lahij ပြည်နယ်ရှိ ယီမင်အစိုးရစစ်တပ် စုစည်းရာဒေသသို့ ပဲ့ထိန်းဒုံးကျည် သုံးစင်း ပစ်လွှတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အစိုးရတပ် လူပုဂ္ဂိုလ် အများအပြား ထိခိုက်သေဆုံး၍ စစ်ဘက်သုံးယာဉ် အစင်းရေများစွာ ပျက်စီးခဲ့ကြောင်း Yahya Sarea က ဆိုခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ဆော်ဒီအာရေဗျ ဦးဆောင်သော နိုင်ငံစုံညွန့်ပေါင်းတပ်ဖွဲ့က ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့အနေဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့မှ ရီယတ်မြို့သို့ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုခဲ့သည်။

ဆော်ဒီအာရေဗျ အရပ်ဘက်ကာကွယ်ရေးဌာနချုပ်က ထို့နောက် ကြေညာချက်ထုတ်ပြန်၍ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်တားဆီးခံရပြီးနောက် ထွက်ပေါ်လာသော အပိုင်းအစများသည် ရီယတ်မြို့၌ ပြုတ်ကျခဲ့ရာ လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းအဖွဲ့အစည်းသည် ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နှင့် ဒရုန်း အများအပြား အသုံးပြု၍ ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်း Dhahran ရှိ ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ (Saudi Aramco) အဆောက်အဦနှင့် မြို့တော်ရီယတ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Aramco ကုမ္ပဏီ ရေနံချက်စက်ရုံတို့ကို အကြီးအကျယ် စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ “တိုက်ခိုက်မှုကြောင့် ပစ်မှတ်အဆောက်အဦ ပျက်စီးမှုနှင့် မီးလောင်မှုများ ဖြစ်ခဲ့” ကြောင်း အောက်တိုဘာ ၁၄ ရက် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဒုံးကျည်အပိုင်းအစများကြောင့် ပျက်စီးသွားသော နေအိမ်အတွင်း အရပ်ဘက်ကာကွယ်ရေးဝန်ထမ်းတစ်ဦးက စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Saudi Civil Defense/Handout via Xinhua)
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဒုံးကျည်အပိုင်းအစများကြောင့် ပျက်စီးသွားသော နေအိမ်အတွင်း အရပ်ဘက်ကာကွယ်ရေးဝန်ထမ်းတစ်ဦးက စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-The Saudi Civil Defense/Handout via Xinhua)

---------------------

(Chinese Version)

也门胡塞武装称再次袭击沙特首都机场

新华社科威特城10月14日电(记者尹炣)萨那消息:也门胡塞武装14日晚说,该组织向沙特阿拉伯首都利雅得的哈立德国王国际机场再次发射一枚弹道导弹,并向也门南部的政府军目标发射三枚弹道导弹。  

胡塞武装发言人叶海亚·萨雷亚在社交媒体发表声明说,胡塞武装使用一枚弹道导弹袭击了利雅得哈立德国王国际机场,并称导弹“精准、直接”命中目标。  

萨雷亚说,在另一次袭击中,胡塞武装向也门南部拉赫季省的也门政府军集结地发射了三枚弹道导弹。袭击造成政府军大量人员伤亡,并损坏数辆军用车辆。  

当天稍早时候,沙特主导的多国联军说,已拦截并摧毁一枚胡塞武装向利雅得发射的弹道导弹。沙特民防总局随后发表声明说,弹道导弹被拦截后产生的碎片坠落在利雅得,造成一人受伤。  

胡塞武装14日早些时候还宣布,该组织使用大量弹道导弹、巡航导弹和无人机,对沙特东部宰赫兰的沙特阿美石油公司设施,以及利雅得哈立德国王国际机场、阿美公司炼油厂发动大规模军事打击,“袭击造成目标设施损毁和起火”。(完)

图说1:这是10月14日在沙特阿拉伯首都利雅得拍摄的遭导弹碎片损坏的汽车。新华社发(沙特民防总局供图)

图说2:10月14日,在沙特阿拉伯首都利雅得,一名民防人员在遭导弹碎片损坏的住宅内检查受损设施。新华社发(沙特民防总局供图)