ယီမင်ပဋိပက္ခတွင် ဆော်ဒီအာရေဗျနှင့်အတူ တူကီယဲနှင့် ပါကစ္စတန်တို့ ပါဝင်လာမှုအပေါ် လက်နက်ကိုင်ဆောင် ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပါဝင်သည့် ဟူသီအဖွဲ့ ထောက်ခံသူများကို ယီမင်နိုင်ငံ ဆန်နားမြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယီမင်ပဋိပက္ခတွင် ဆော်ဒီအာရေဗျနှင့်အတူ တူကီယဲနှင့် ပါကစ္စတန်တို့ ပါဝင်လာမှုအပေါ် လက်နက်ကိုင်ဆောင် ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပါဝင်သည့် ဟူသီအဖွဲ့ ထောက်ခံသူများကို ယီမင်နိုင်ငံ ဆန်နားမြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်/ဆန်နား၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံနှင့် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့တို့သည် အဓိကမြို့ကြီးများနှင့် ရေနံလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို နယ်စပ်ဖြတ်ကျော်၍ အပြန်အလှန် တိုက်ခိုက်မှုများ အရှိန်မြှင့်ဆက်လက်ဖြစ်ပွားနေခိုက် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အောက်တိုဘာ ၁၃ ရက်က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ခြိမ်းခြောက်ပြောဆိုခဲ့ကြသည်။

အပြန်အလှန်ခြိမ်းခြောက်

ဆော်ဒီနိုင်ငံအား အကြိမ်ကြိမ် တိုက်ခိုက်မှုများအတွက် ယီမင်ရှိ ဟူသီအဖွဲ့အနေဖြင့် နောက်ဆက်တွဲအကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု ရီယတ်မြို့၌ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန် သဘာပတိအဖြစ် ဆောင်ရွက်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ဆော်ဒီအာရေဗျနိုင်ငံက သတိပေးခဲ့သည်။

ဆော်ဒီ ဝန်ကြီးများကောင်စီက ယီမင်နိုင်ငံရှိ တရားဝင်အစိုးရကို ထောက်ခံသည့် ညွန့်ပေါင်းတပ်ဖွဲ့၏ ဟူသီတို့အပေါ် စစ်ဆင်ရေးလုပ်ဆောင်မှုများကို ချီးကျူးခဲ့ပြီး ပင်လယ်နီနှင့် ဘက်ဘ် အယ်လ်မန်ဒက် ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

ထို့အတူ ဟူသီအဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာကလည်း ဟူသီတို့ ထိန်းချုပ်ထားသည့် မြို့တော်အား တိုက်ခိုက်မှုတစ်စုံတစ်ရာ ပြုလုပ်ပါက ရီယတ်မြို့အား "ပြင်းထန်၍ ထိခိုက်နာကျင်စေသော" တုံ့ပြန်မှုများ ရှိလာမည်ဟု အောက်တိုဘာ ၁၃ ရက်၌ သတိပေးခဲ့သည်။

ယင်းနောက် ဟူသီအဖွဲ့သည် ဆော်ဒီရေနံကုမ္ပဏီကြီး အာရမ်ကိုပိုင် အဆောက်အအုံများနှင့် ရီယတ်မြို့ရှိ ဘုရင် ခါလစ် (King Khalid) အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ဆော်ဒီနိုင်ငံအတွင်းရှိ နေရာအတော်များများကို တိုက်ခိုက်မည်ဟုလည်း ထပ်မံသတိပေးခဲ့သည်။

ဆော်ဒီ အာရမ်ကို ရေနံကုမ္ပဏီနှင့် ရီယတ်မြို့တို့ ပစ်မှတ်ထားခံရ

အောက်တိုဘာ ၁၃ ရက်က မြို့တော်ရီယတ်သို့ ပစ်ခတ်ခဲ့သည့် ခရုစ်ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း အဆိုပါ ဒုံးကျည်အပိုင်းအစများ ကျရောက်ထိမှန်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၁ ဦး အပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၅ လုံး ပျက်စီးခဲ့သည်ဟု ဆော်ဒီ မြို့ပြကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၄ ရက် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းပြည်နယ် ဒါရန်မြို့ရှိ ဆော်ဒီ အာရမ်ကို ရုံးစိုက်ရာ အဆောက်အအုံတစ်လုံးမှာလည်း အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသဖြင့် အနည်းငယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း Saudi Press Agency သတင်းဌာနက အောက်တိုဘာ ၁၄ ရက် အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဝေဟင်တို့တွင် ဒုံးကျည်များနှင့် ဒရုန်းအများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့က အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ထို့ပြင် အရှေ့ပိုင်းပြည်နယ် အယ်လ်-အာဆာခရိုင်ရှိ အုပ်ချုပ်ရေးဌာနတစ်ခုကို ပစ်မှတ်ထားသည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကိုလည်း ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ညွန့်ပေါင်းတပ်ဖွဲ့က ပြောသည်။

တိုက်ခိုက်မှုများမတိုင်မီ ညွန့်ပေါင်းတပ်ဖွဲ့၏ သတိပေးချက်

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် "အထူးစစ်ဆင်ရေး" တစ်ရပ် လုပ်ဆောင်ခြင်းမပြုမီ ဟူသီတို့ ထိန်းချုပ်ထားသည့် ဆန်နားမြို့ရှိ ယီမင်ရေနံကုမ္ပဏီ၏ အယ်လ်-ဆာဘာဟာ ဗဟိုရေနံချက်စက်ရုံမှ ဝန်ထမ်းများကို အမြန်ဆုံးနေရာရွှေ့ပြောင်းကြရန် အောက်တိုဘာ ၁၃ ရက်တွင် တိုက်တွန်းခဲ့သည်။

ညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ်မာကီက X ဆိုရှယ်မီဒီယာတွင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မည့်နေရာအား အမှတ်အသားပြုထားသည့် မြေပုံတစ်ခုကိုလည်း တင်ခဲ့ကာ ပစ်မှတ်ထားတိုက်ခိုက်မည့် အဆောက်အအုံများသည် ဆန်နား၊ ဟိုဒေးဒါနှင့် ဒါမာမြို့တို့တွင် ဟူသီအဖွဲ့၏ စစ်ဆင်ရေးများကို အထောက်အကူပေးရန် အသုံးပြုနေသည့် အဓိကအရင်းအမြစ်များဖြစ်သည်ဟု ဆိုသည်။

ဟူသီအဖွဲ့ ထိန်းချုပ်ထားသော ဒေသအနှံ့အပြား၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီက စစ်လေယာဉ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုပေါင်း ၁၀၄ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261014/2d4c9b2b040f4469ac9e9c4adbcad7e7/c.html

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီအား အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သော အပတ်စဉ်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီအား အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သော အပတ်စဉ်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Saudi Arabia, Houthis trade threats as strikes on oil facilities, cities escalate

RIYADH/SANAA, Oct. 14 (Xinhua) -- Saudi Arabia and Yemen's Houthi group exchanged threats of retaliatory attacks on Tuesday as cross-border strikes on major cities and oil facilities continued.

THREATS EXCHANGED

During a cabinet meeting on Tuesday chaired by Crown Prince Mohammed bin Salman in Riyadh, Saudi Arabia warned that Yemen's Houthis would face consequences for its repeated attacks on the kingdom.

The Saudi Council of Ministers praised the Coalition to Support Legitimacy in Yemen for its military operations against the Houthis and pledged to protect freedom of navigation in the Red Sea and Bab al-Mandab Strait.

Also on Tuesday, Houthi military spokesperson Yahya Sarea warned that any attack on the Houthi-held capital would trigger what he described as a "harsh and painful" response against Riyadh.

The group later warned of several sites in Saudi Arabia, including facilities belonging to Saudi oil giant Aramco and King Khalid International Airport in Riyadh.

SAUDI ARAMCO, RIYADH TARGETED

The Saudi Civil Defense announced early Wednesday that four people, including two women and one child, were injured and 15 residential homes sustained damage after debris from two intercepted cruise missiles fell in the capital Riyadh on Tuesday.

Meanwhile, a Saudi Aramco administrative building in Dhahran, Saudi Arabia's Eastern Province, was targeted Tuesday evening, causing a limited fire, the Saudi Press Agency reported early Wednesday.

On Tuesday night, the coalition said that it had intercepted multiple missiles and drones over eastern and southern Saudi Arabia. It also reported intercepting a ballistic missile targeting an administrative center in Al-Ahsa Governorate in the Eastern Province.

COALITION WARNING BEFORE STRIKES

The Saudi-led coalition on Tuesday urged civilians to evacuate the Yemen Petroleum Company's Al-Sabaha Central Station in Houthi-held Sanaa ahead of what it described as a "qualitative operation."

Coalition spokesperson Turki Al-Malki issued the warning on X and posted a map marking the site, describing the targeted facilities as vital resources used by the Houthis to support their military operations in Sanaa, Hodeidah and Dhamar.

The Houthis said Tuesday that Saudi warplanes and missiles carried out 104 strikes across areas held by the group over the past 24 hours.

https://english.news.cn/20261014/2d4c9b2b040f4469ac9e9c4adbcad7e7/c.html

Photo caption 1: Houthi supporters take part in an armed rally staged against the involvement of Türkiye and Pakistan with Saudi Arabia in Yemen's conflict, in Sanaa, Yemen, on Oct. 7, 2026.  (Photo by Mohammed Mohammed/Xinhua)

Photo caption 2: Iran's Foreign Ministry spokesman Esmaeil Baghaei attends a weekly press conference in Tehran, Iran, Oct. 12, 2026. (Xinhua/Sha Dati)