
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အောက်တိုဘာ ၁၂ ရက်တွင် အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ (NCUSCR) ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Evan Greenberg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ဟယ်လိဖုန်းက သမ္မတ ရှီကျင့်ဖိန်၏ မကြာသေးမီကသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံတော်ခရီးစဉ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် “လေးစားမှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” ကို တည်ဆောက်ရန် သဘောတူညီခဲ့ကြကြောင်း၊ နိုင်ငံခေါင်းဆောင်နှစ်ဦး၏ အရေးကြီးသောသဘောတူညီချက်များကို နှစ်နိုင်ငံ ပူးတွဲအကောင်အထည်ဖော်၍ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့စီးပွားရေးတွင် ပိုမိုခိုင်မာရေရာမှုနှင့် တည်ငြိမ်မှုကို ဖြစ်ပေါ်စေရန်အားဖြည့်သင့်ကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ (NCUSCR) အနေဖြင့် တရုတ်-အမေရိကန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍကို ဆက်လက်ဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်၊ တိုးတက်ရန်မှာ အလွန်အရေးကြီးပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုကို ပိုမိုအားကောင်းစေရန် ပေါင်းကူးတံတားသဖွယ် ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း အမေရိကန်ဘက်မှ ပြန်လည်ပြောကြားခဲ့သည်။ (Xinhua)

...............................
(Chinese Version)
何立峰会见美中关系全国委员会负责人
新华社北京10月13日电(记者孙楠)中共中央政治局委员、国务院副总理何立峰12日在钓鱼台国宾馆会见美中关系全国委员会董事会执行副主席格林伯格一行时表示,习近平主席不久前对美国进行国事访问,两国元首同意构建“基于尊重、公平、对等的中美建设性战略稳定关系”。中美双方应共同落实好两国元首重要共识,为中美经贸合作与世界经济注入更多确定性和稳定性。希望美中关系全国委员会为推动中美经济合作继续发挥积极作用。
美方表示,美中关系稳定发展十分重要,愿继续发挥纽带作用,推动双方加强经济交流合作。(完)
图说:10月12日,中共中央政治局委员、国务院副总理何立峰在北京钓鱼台国宾馆会见美中关系全国委员会董事会执行副主席格林伯格。 新华社记者 王晔 摄








