တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် ဘော့ဆွာနာနိုင်ငံ သမ္မတ Duma Gideon Boko နှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ သမ္မတ ရှီကျင့်ဖိန်က Boko အား ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတော်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ဘော့ဆွာနာနိုင်ငံ သမ္မတ Duma Gideon Boko နှင့် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် နှစ်ဖက်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဘော့ဆွာနာသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး မထူထောင်မီကပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုလသမဂ္ဂတွင် တရားဝင်နေရာ ပြန်လည်ရရှိရေးအတွက် မဲပေးထောက်ခံခဲ့ကြောင်း၊ ယခုအခါ နှစ်ဖက်စလုံးသည် ခေတ်မီအသွင်ပြောင်းရေး အိပ်မက်ကို အတူတကွ အကောင်အထည်ဖော်ရန် လမ်းကြောင်းပေါ်တွင် လက်တွဲချီတက်လျက် တရုတ်-ဘော့ဆွာနာ ချစ်ကြည်ရေး စာမျက်နှာသစ်ကို ဆက်လက်ရေးသားလျက်ရှိကြောင်း ထောက်ပြခဲ့သည်။

တရုတ်-ဘော့ဆွာနာ ချစ်ကြည်ရေးသည် စိန်ပွင့်ကဲ့သို့ လင်းလက်တောက်ပပြီး ထာဝရခိုင်မြဲရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် ဖေးမကူညီခဲ့သော “လာစဉ်ကလမ်း” ကို အမြဲသတိရပြီး၊ ခေတ်သစ် တရုတ်-ဘော့ဆွာနာ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၏ “ကျယ်ပြန့်ဖြောင့်မတ်သောလမ်း” ကို လျှောက်လှမ်းကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်မှုအတွက် အကျိုးထမ်းပိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ရည်မှန်းချက်တူမှသာ လမ်းခရီးညီညွတ်မည်” ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးပေးပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် ၁၀၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သလို ဘော့ဆွာနာ လွတ်လပ်ရေးရသည့် နှစ် ၆၀ ပြည့် နှစ်ပတ်လည်လည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအာဏာရပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နိုင်ငံရေးရာစီမံခန့်ခွဲမှုအတွေ့အကြုံများ ဖလှယ်မှုကို နက်ရှိုင်းစေရန်နှင့် အတွေးအခေါ်များပေါင်းစည်းမှုကို မြှင့်တင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ဘော့ဆွာနာက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်းကို ထောက်ခံကြောင်း၊ နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို တစ်ဆင့်တိုးပြည့်စုံစေပြီး သံတမန်ဆက်ဆံရေးထူထောင်ထားသော အာဖရိကနိုင်ငံများအားလုံးအတွက် တရုတ်ဘက်၏ စည်းကြပ်ခွန်ကင်းလွတ်ခွင့် အပြည့်အဝ ဖော်ဆောင်ခြင်းဖြင့် ရရှိလာသော အခွင့်အလမ်းသစ်များကို အသုံးချရမည်ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ဘော့ဆွာနာနှင့်အတူ ဒစ်ဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ “စမတ်ပညာရေး” စီမံကိန်းကို အကောင်အထည်ဖော်ရန်၊ ဘော့ဆွာနာ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-ဘော့ဆွာနာ၊ တရုတ်-အာဖရိက သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အဆိုပြုချက် ၄ ချက် ပြောကြားခဲ့သည်။

ပထမအချက်မှာ အာဖရိက၏ အရင်းအမြစ်များကို အာဖရိကက ပိုင်ဆိုင်သည်ဟူသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံအချက်ကို အခိုင်အမာ လက်ကိုင်ထားခြင်းဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ကိုယ်တိုင်အတွေ့အကြုံများကို မျှဝေရန်၊ အာဖရိကနိုင်ငံများအား ကိုယ့်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ရေးဆွဲနိုင်ရေး အကူအညီပေးရန် ဆန္ဒရှိကြောင်း၊ ဒုတိယအချက်မှာ ကျင့်ဝတ်နှင့် အကျိုးအမြတ်ကို ပေါင်းစပ်သော၊ အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု အယူအဆကို အခိုင်အမာ လက်ကိုင်ထားခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ လည်ပတ်ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန်၊ အာဖရိက၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီသော အစိမ်းရောင်နည်းပညာများ လွှဲပြောင်းပေးရန်၊ သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်ကို အခိုင်အမာ လက်ကိုင်ထားခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အာဖရိက သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို စက်မှုတန်ဖိုးမြှင့်တင်ခြင်းသို့ ပြောင်းလဲရန်၊ ကုန်ကျစရိတ်တတ်နိုင်ပြီး စဉ်ဆက်မပြတ်ဖြစ်သော ဆန်းသစ်တီထွင်ထားသည့် ငွေကြေးထောက်ပံ့မှုပုံစံများကို လေ့လာဆွေးနွေးရန်၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖရိက၏ ခေတ်မီအသွင်ပြောင်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ တရားမျှတပြီး တံခါးဖွင့်လှစ်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုပတ်ဝန်းကျင်ကို အခိုင်အမာ လက်ကိုင်ထားခြင်းဖြစ်ကြောင်း၊ အာဖရိက၏ အရင်းအမြစ်များသည် ပထဝီဝင်နိုင်ငံရေးတိုက်ပွဲ၏ အသုံးချခံကိရိယာ မဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ရင်းမှန်ဖြင့် ကူညီပေးသည်ကို ဝမ်းမြောက်စွာ မြင်တွေ့လိုပြီး အာဖရိကနှင့်အတူ ကုမ္ပဏီလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလည်ပတ်ရေးအတွက် ပိုမိုသင့်လျော်သော အခြေအနေများ ဖန်တီးပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Boko က သမ္မတ ရှီကျင့်ဖိန်၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုကို ရရှိသည့် ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးသူအားလုံး ဆင်းရဲမှုမှ လွတ်မြောက်အောင် ပြုလုပ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာရှိသည့် အောင်မြင်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းခဲ့ရာ ဘော့ဆွာနာဘက်က နက်ရှိုင်းစွာ လေ့လာမှီငြမ်းထိုက်ကြောင်း ပြောကြားခဲ့သည်။

ဘော့ဆွာနာနိုင်ငံအနေဖြင့် တရုတ်နှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ကျင့်သုံးမည်ဖြစ်ကာ “ထိုင်ဝမ်ခွဲထွက်ရေး” ကြံစည်မှုကို ဆန့်ကျင်မည်ဖြစ်သကဲ့သို့ မည်သည့် အင်အားစုက တရုတ်ပြည်တွင်းရေးရာများကို စွက်ဖက်မှုမဆို ဆန့်ကျင်မည်ဖြစ်ကြောင်း၊ ဘော့ဆွာနာနိုင်ငံအနေဖြင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ နှစ်ကာလရှည်ကြာစွာ ထောက်ပံ့ကူညီမှုများအား ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို အားကောင်းစေရန် ဆန္ဒရှိပြီး ပိုမိုများပြားသော တရုတ်ကုမ္ပဏီလုပ်ငန်းများ ဘော့ဆွာနာသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံကာ ထွန်းသစ်စလုပ်ငန်းများ လုပ်ကိုင်ရန် ကြိုဆိုကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တုတွင်းလုပ်ငန်း၊ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုများပြားသော လက်တွေ့ကျသည့်ရလဒ်များ ရရှိအောင် တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် အရေးကြီးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အချိန်အခါတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ် အဆိုပြုခဲ့ပြီး အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုကို သရုပ်ပြခဲ့ရာ ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အထောက်အကူပြုကြောင်း၊ ဘော့ဆွာနာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အနီးကပ် ညှိနှိုင်းဆောင်ရွက်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စည်းလုံးမှုကို အားကောင်းစေရန်၊ တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်အား ပိုမိုပါဝင်နိုင်ပြီး ပိုမိုကိုယ်စားပြုမှုရှိစေရန် ဆန္ဒရှိကြောင်း Boko က ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြီးအကဲတို့သည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ အကောင်အထည်ဖော်ခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်း၊ အစိမ်းရောင် သတ္တုအရင်းအမြစ်၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းအများအပြား လက်မှတ်ရေးထိုးမှုကို အတူတကွ သက်သေပြုခဲ့သည်။

ခရီးစဉ်အတွင်း နှစ်ဖက်သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဘော့ဆွာနာသမ္မတနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲမတိုင်မီတွင် ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမ၌ Boko နှင့် ဇနီး Kaone တို့အား အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

Boko ရောက်ရှိချိန်တွင် ကြိုဆိုရေးတပ်ဖွဲ့ဝင်များက တန်းစီ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံအကြီးအကဲတို့ စင်မြင့်ပေါ်သို့ တက်ရောက်သည့်အခါတွင် စစ်တီးဝိုင်းမှ တရုတ်နှင့် ဘော့ဆွာနာ နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ တီးမှုတ်ခဲ့ပြီး ထျန်းအန်မင်ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။ Boko သည် ရှီကျင့်ဖိန်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြည့်ရှုခဲ့ပြီး တပ်ဖွဲ့အလိုက်ချီတက်ပွဲအား ကြည့်ရှုခဲ့ကြသည်။

ထိုညတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမ၌ Boko ဇနီးမောင်နှံအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါအစီအစဉ်များသို့ ဝမ်ရိ တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် ဘော့ဆွာနာနိုင်ငံ သမ္မတ Duma Gideon Boko ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးရာ ဆွေးနွေးပွဲမတိုင်မီ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်က Boko နှင့် ဇနီး Kaone တို့အတွက် ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုနေစဉ် (ဆင်ဟွာ)

...........................................

(Chinese Version)

习近平同博茨瓦纳总统博科会谈

新华社北京10月13日电(记者曹嘉玥)10月13日下午,国家主席习近平在北京人民大会堂同来华进行国事访问的博茨瓦纳总统博科举行会谈。两国元首宣布将双边关系提升为全面战略合作伙伴关系。  

习近平指出,上世纪70年代,博方在两国建交前就投票支持新中国恢复在联合国合法席位。如今双方在共逐现代化梦想道路上携手前行,续写中博友谊新篇章。中博友谊要像钻石般璀璨恒久。双方要铭记相依相扶的“来时路”,走好新时代中博关系发展的“康庄道”,为世界发展和进步贡献力量。  

习近平强调,“志同”才会“道合”。今年是中国共产党成立105周年,也是博茨瓦纳独立60周年。两国执政党要加强合作,深化治国理政经验交流,增进理念交融。中方支持博方走符合自身国情的发展道路。双方要进一步完善经贸合作框架,用好中方对非洲建交国全面实施零关税带来的新机遇。中方愿同博方加强数字经济、农业、畜牧业等领域合作,实施“智慧教育”项目,助力博方经济社会发展。  

习近平就推动中博、中非矿业合作提出4点主张:一是坚持非洲资源属于非洲的合作前提。中国愿分享自身经验,帮助非洲国家制定符合国情的矿业发展规划。二是坚持义利相兼、互利互惠的合作理念。中方将继续鼓励中国企业提升运营能力,转移符合非洲实际的绿色技术,推进矿业发展南南合作。三是坚持高质量发展的合作方向。中方将继续推动中非矿业合作向产业增值转型,探讨可负担、可持续的创新融资模式,以高水平合作助力非洲现代化进程。四是坚持公平开放的合作环境。非洲的资源不应成为地缘政治斗争工具,中方乐见各方真心助力非洲发展,愿同非方一道,为企业投资经营创造更适宜条件。  

博科表示,在习近平主席坚强领导下,中国取得举世瞩目发展成就。中国已实现贫困人口全部脱贫,走出一条具有中国特色的成功发展道路,值得博方深入学习借鉴。博方高度重视对华关系,将坚定奉行一个中国原则,反对“台独”分裂图谋,反对任何势力干涉中国内政。博方感谢中方长期以来为博国家发展提供的支持与帮助,愿同中方加强发展战略对接,欢迎更多中国企业赴博投资兴业,加强“一带一路”、工业、农业、矿业、创新、数字转型等领域合作,推动两国关系取得更多实实在在的成果。习近平主席在世界面临重大挑战之际提出四大全球倡议,展现了大国的责任担当,有利于维护以联合国为核心的国际秩序。博方愿同中方密切协调配合,坚持多边主义,加强发展中国家团结,促进非中团结合作,让全球治理体系更加包容、更具代表性。

会谈后,两国元首共同见证签署落实全球安全倡议、共建“一带一路”、绿色矿产、卫生健康、人力资源等领域多项合作文件。  

访问期间,双方发表《中华人民共和国和博茨瓦纳共和国关于建立全面战略合作伙伴关系的联合声明》。  

会谈前,习近平和夫人彭丽媛在人民大会堂北大厅为博科和夫人卡奥内举行欢迎仪式。  

博科抵达时,礼兵列队致敬。两国元首登上检阅台,军乐团奏中博两国国歌,天安门广场鸣放礼炮21响。博科在习近平陪同下检阅中国人民解放军仪仗队,并观看分列式。  

当晚,习近平和彭丽媛在人民大会堂金色大厅为博科夫妇举行欢迎宴会。  

王毅参加上述活动。(完)

图说1:10月13日下午,国家主席习近平在北京人民大会堂同来华进行国事访问的博茨瓦纳总统博科举行会谈。这是会谈前,习近平在人民大会堂北大厅为博科举行欢迎仪式。 新华社记者 岳月伟 摄

图说2:10月13日下午,国家主席习近平在北京人民大会堂同来华进行国事访问的博茨瓦纳总统博科举行会谈。这是会谈前,习近平和夫人彭丽媛在人民大会堂北大厅为博科和夫人卡奥内举行欢迎仪式。 新华社记者 谢环驰 摄