
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာ သဘောတူညီချက်များကို လိုက်နာ၍ သက်ဆိုင်ရာကဏ္ဍများ၌ အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး အင်ဒိုနီးရှားနိုင်ငံ၏ အရင်းအမြစ်အားသာချက်ကို ဖွံ့ဖြိုးတိုးတက်မှုစွမ်းအင်အဖြစ်ပြောင်းလဲရာတွင် ပိုမိုကောင်းမွန်စွာ ကူညီအားဖြည့်လိုကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အောက်တိုဘာ ၁၃ ရက်တွင် တရုတ်နှင့် အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
သတင်းထောက်တစ်ဦးက သတင်းများအရ အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ချောလုပ်ငန်း ဖော်ဆောင်မှု ဝန်ကြီးဌာနနှင့် Weda Bay စက်မှုဥယျာဉ်တို့သည် တရုတ်ရင်းနှီးမြှုပ်နှံသော သတ္တုလုပ်ငန်း ကုန်ချောထုတ်လုပ်မှု စီမံကိန်း စတင်ခြင်း အခမ်းအနားကို မကြာသေးမီက ကျင်းပခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း၊ ၎င်းက တရုတ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအပေါ် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုများ ပေးအပ်ခြင်းကို ကျေးဇူးတင်ရှိကာ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အင်ဒိုနီးရှားသို့ လာရောက်သော၊ အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်သော၊ အင်ဒိုနီးရှားအား ကူညီပေးသော ရင်းနှီးမြှုပ်နှံသူများကို ညီအစ်ကို မောင်နှမများအဖြစ် ရှုမြင်၍ မိသားစုဝင်များအား ကာကွယ်သကဲ့သို့ ၎င်းတို့ကို ကာကွယ်ပေးသွားမည်ဟု ဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
မော်နင်က တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှား အဆင့်မြင့်အလွှာ၏ သက်ဆိုင်ရာ သဘောထားဖော်ပြချက်ကို များစွာ တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နှင့် အင်ဒိုနီးရှားသည် အားသာချက်များကို အပြန်အလှန် ကာလကြာရှည် အားဖြည့်ပေးပြီး စွမ်းအင်၊ သတ္တုလုပ်ငန်း စသည့်ကဏ္ဍများ၌ အပြန်အလှန်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးကြောင်း ပြောကြားခဲ့သည်။
“အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကုမ္ပဏီတွေရဲ့ အောင်မြင်မှုတွေဟာ အင်ဒိုနီးရှားရဲ့ အောင်မြင်မှုတွေလည်းပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့အတူ နှစ်နိုင်ငံအကြီးအကဲတွေရဲ့ မဟာဗျူဟာသဘောတူညီချက်တွေကို လိုက်နာရင်း သက်ဆိုင်ရာကဏ္ဍတွေမှာ အပြန်အလှန် အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အရင်းအမြစ် အားသာချက်ကို ဖွံ့ဖြိုးတိုးတက်မှုစွမ်းအင်အဖြစ် ပြောင်းလဲဖို့ ဖော်ဆောင်ရာမှာ ပိုမိုကောင်းမွန်တဲ့ အကူအညီတွေပေးပြီး အင်ဒိုနီးရှား လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလိုပါတယ်” ဟု မော်နင်က ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ အစိုးရအနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီများ၏ တရားဝင်အကျိုးစီးပွားကို ဆက်လက်အာမခံပေးကာ တံခါးဖွင့်လှစ်သော၊ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ ချစ်ကြည်ရင်းနှီးသော စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင် ပံ့ပိုးပေးမည်ဟု ယုံကြည်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:愿更好助力印尼将资源优势转化为发展动能
新华社北京10月13日电(记者马卓言、万倩仪)外交部发言人毛宁13日在回答有关中国同印尼合作的提问时表示,中方愿同印尼一道,以两国元首战略共识为遵循,持续深化相关领域互利合作,更好助力印尼将资源优势转化为发展动能。
有记者问:据报道,近日印尼投资与下游化部与纬达贝工业园合作举办中资矿业下游化项目启动仪式,印尼总统普拉博沃出席并发表讲话,感谢中方投资者给予印尼的合作与信任,强调印尼政府将把来到印尼、与印尼合作、帮助印尼的投资者视为兄弟姐妹,像保护家人一样保护他们。请问中方对此有何评论?
毛宁表示,中方赞赏印尼高层有关表态。长期以来,中国同印尼发挥互补优势,深化能矿等领域互利合作,给两国和两国人民带来实实在在的利益。
“在印尼中资企业的成功也是印尼的成功。中方愿同印尼一道,以两国元首战略共识为遵循,持续深化相关领域互利合作,更好助力印尼将资源优势转化为发展动能,促进印尼经济社会发展。”毛宁说,相信印尼政府将继续保障中资企业合法权益,提供开放、公正、透明、友好的营商环境。(完)
图说:这是10月8日在印度尼西亚北马鲁古省中哈马黑拉县拍摄的纬达贝工业园一角。新华社记者 程一恒 摄








