ဟားအယ်ပင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေးအခြေအနေ စီစဉ်စစ်ဆေးမှုအရ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်တစ်ဝန်းရှိ စိုက်ခင်းဧရိယာ တရုတ်မူ (mu) ပေါင်း ၁၂၂.၂၃၉ သန်းတွင် သီးနှံရိတ်သိမ်းမှုများ ပြုလုပ်ပြီးစီးခဲ့ပြီး ရိတ်သိမ်းရန် သတ်မှတ်ထားသော စုစုပေါင်းဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော် ရောက်ရှိခဲ့ကြောင်း အဆိုပါပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနထံမှ သတင်းထောက် သိရှိခဲ့ရသည်။

ဟေးလုံကျန်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနသည် နေရာဒေသအသီးသီးက ရိတ်သိမ်းမှုလုပ်ငန်းအစဉ်လိုက်ကို သိပ္ပံနည်းကျ စီစဉ်ဆောင်ရွက်ရန်၊ စက်ယန္တရားအင်အားများကို ညှိနှိုင်းစီမံကာ အချိန်မီ လျင်မြန်စွာ ရိတ်သိမ်းရန်၊ ရိတ်သိမ်းမှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ စားနပ်ရိက္ခာများ အချိန်မီ ရိတ်သိမ်းပြီး စပါးကျီသို့ သိမ်းဆည်းနိုင်ရေးကို သေချာစေရန် စီစဉ်လျက်ရှိသည်။ (Xinhua)

...................................

(Chinese Version)

黑龙江农作物收获已超五成

新华社照片,哈尔滨,2026年10月13日

记者从黑龙江省农业农村厅获悉,据农情调度,截至10月11日,全省农作物已收获12223.9万亩,占应收面积的50%以上。黑龙江省农业农村厅组织各地科学安排收获顺序,统筹调配机械力量,适时抢收快收,提高收获效率,确保粮食及时收获归仓。