ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဘုရားဖူးဧည့်သည် ၅.၂၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၅၇,၀၀၀ ကျော် လာရောက်ခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)








