ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် ရုရှားနှင့် ယူကရိန်းတို့က ၎င်းအဆိုပြုသည့် “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” ကို သဘောတူညီခဲ့ကြကြောင်း၊ ရုရှားနှင့် ယူကရိန်းအနေဖြင့် ပဋိပက္ခအဆုံးသတ်ရန်အတွက် သဘောတူညီချက် ရရှိရမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်က ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့သည် မဖြစ်မနေ ထိုင်ဆွေးနွေး၍ အဆိုပါ “အဓိပ္ပာယ်မဲ့သောစစ်ပွဲ” ကို အဆုံးသတ်ရမည်ဖြစ်ကြောင်း၊ “ကျွန်တော်တို့က သူတို့သဘောတူညီချက် ရရှိအောင်လည်း လုပ်ဆောင်ပေးသွားမှာပါ” ဟု ထိုနေ့တွင် အိမ်ဖြူတော်မှ အိုဟိုင်းယိုးပြည်နယ်သို့ မသွားရောက်ခင် မီဒီယာများကို ပြောကြားခဲ့သည်။ ပူတင်သည် ဇယ်လန်းစကီးထက် သဘောတူညီချက် ရရှိရန် ပိုမျှော်လင့်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။

ရုရှား-ယူကရိန်း နှစ်ဖက်လုံးက “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” အား သဘောတူညီမှု ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ထရမ့်က “သူတို့က သဘောတူကြပါတယ်။ ဒါဘာကြောင့်လဲဆိုတာ ခင်ဗျားသိလား၊ ဘာလို့လဲဆိုတော့ သူတို့သဘောတူတယ်လို့ ကျွန်တော်ပြောလိုက်လို့ပဲ” ဟု ဆိုခဲ့သည်။

ထရမ့်က အောက်တိုဘာ ၁၁ ရက်တွင် ယခုအချိန်မှစပြီး ရုရှား-ယူကရိန်းပဋိပက္ခက “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” အနေအထားသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။ ဇယ်လန်းစကီးက ထိုနေ့တွင် “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” သည် ၎င်းအတွက်လည်း သတင်းတစ်ပုဒ်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ယူကရိန်း Interfax သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် သတင်းဖော်ပြချက်အရ ဇယ်လန်းစကီးသည် ယူကရိန်းအနေဖြင့် ထရမ့်အဆိုပြုသော “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” အား ထောက်ခံအားပေးကြောင်း၊ ရုရှားဘက်က “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” အား ဖော်ဆောင်ရန် သဘောတူပါက ယူကရိန်းဘက်အနေဖြင့် တန်းတူလှုပ်ရှားမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း၊ ရုရှားဘက်က ငြင်းဆိုပါက ယူကရိန်းဘက်အနေဖြင့် ယခုနှစ်ဆောင်းရာသီတွင် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုနေ့တွင် ပြောခဲ့သည်။

ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ရုရှားအနေဖြင့် စစ်ပွဲရပ်တန့်မှု မဟုတ်ဘဲ ရေရှည်ငြိမ်းချမ်းမှုကို လိုလားကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ဆိုခဲ့သည်။ “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” နှင့်စပ်လျဉ်း၍ Dmitry Peskov က ရုရှားအနေဖြင့် ယင်းနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ရန် အချက်အလက် မရှိသေးကြောင်း၊ သက်ဆိုင်ရာထိတွေ့မှုများ လုပ်ဆောင်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

特朗普称俄乌必须达成协议结束冲突

新华社华盛顿10月12日电(记者黄强 徐剑梅)美国总统特朗普12日表示,他认为俄罗斯和乌克兰都同意他提出的“能源停火”,俄乌必须达成协议以结束冲突。  

特朗普当天在离开白宫前往俄亥俄州前对媒体说,俄罗斯总统普京和乌克兰总统泽连斯基必须坐下来谈判,结束这场“荒唐的战争”,“我们会促成他们达成协议”。他还称,普京比泽连斯基更希望达成协议。  

在问及俄乌双方是否都同意“能源停火”时,特朗普说,“他们都同意了。你知道为什么吗?因为我说他们同意了”。  

特朗普11日在社交媒体发文称,即刻起,俄乌冲突进入“能源停火”状态。泽连斯基当天回应称,“能源停火”对他来说也是个新闻。

据乌克兰国际文传电讯社12日报道,泽连斯基当天表示,乌方支持特朗普提出的“能源停火”,如果俄方同意实施“能源停火”,乌方愿意采取对等行动;如果俄方拒绝,乌方将在今年冬季予以回应。  

俄罗斯总统新闻秘书佩斯科夫12日表示,俄方期待的是长久和平而非停战。关于“能源停火”,佩斯科夫说,俄方对此暂无可发布信息,相关接触仍在进行中。(完)