
ရှီကျားကျွမ်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဟဲပေပြည်နယ် ချန်းကျိုးမြို့ စုနင်ခရိုင်သည် အထူးပြုစိုက်ပျိုးရေးလုပ်ငန်းကို အားကောင်းစွာ မြှင့်တင်ဆောင်ရွက်ကာ ရိုးရာစိုက်ပျိုးရေးလုပ်ငန်းကို ပမာဏကျယ်ပြန့်မှုအသွင်၊ ဉာဏ်ရည်တုနည်းပညာသုံး အသွင်ပြောင်းလဲမှုဆီသို့ တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
ယခုအခါ စုနင်ခရိုင်တွင် ဟင်းသီးဟင်းရွက် ပျိုးပင်ပေါင်း ၃ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းရှိသည့် ပျိုးပင်စိုက်ခင်း ၁၃ ခု ရှိပြီး တစ်နှစ်လျှင် နှစ်စဉ်ပျိုးပင်ထုတ်လုပ်နိုင်စွမ်းမှာ ပျိုးပင်ပေါင်း ၁.၂ ဘီလီယံရှိသည်။ ခရိုင်အတွင်း ပျိုးထားသည့် ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ သခွားသီး စသည့် ပျိုးပင်များမှာ ဒေသခံ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုလုပ်ငန်းကို အထောက်အကူပြုသည့်အပြင် ပေကျင်း၊ အတွင်းမွန်ဂိုလီးယား၊ လျောင်နင်၊ နင်းရှ၊ ဟူနန် စသည့် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ဒါဇင်ကျော်သို့လည်း ရောင်းချလျက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်ရေးအတွက် စွမ်းအင်အသစ်များ ဖြည့်တင်းပေးလျက်ရှိသည်။ (Xinhua)
……………………….
(Chinese Version)
河北肃宁:小种苗“育出”大产业
新华社照片,石家庄,2026年10月13日
近年来,河北省沧州市肃宁县大力发展特色农业,推动传统农业向规模化、智能化转型。如今,肃宁县有蔬菜种苗育苗能力300万株以上育苗场13家,年育苗能力达12亿株以上,所育番茄、生菜、黄瓜等种苗除支撑本地蔬菜产业外,还畅销北京、内蒙古、辽宁、宁夏、湖南等十几个省市区,为乡村振兴注入新动能。
图说1:10月13日,工作人员在肃宁县一家蔬菜专业合作社育苗播种室播种。新华社发(冯奕超摄)
图说2:10月13日,工作人员在肃宁县一家蔬菜专业合作社育苗大棚内工作。 新华社发(冯奕超摄)








