
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ပြင်သစ်သမ္မတ၏ သံတမန်ရေးရာ အကြံပေး Emmanuel Bonne နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံ၍ တရုတ်-ပြင်သစ် ကုန်သွယ်စီးပွားရေးဆိုင်ရာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-ဥရောပသမဂ္ဂ ကုန်သွယ်စီးပွားရေး ဆက်ဆံရေးတို့နှင့် ပတ်သက်၍ အမြင်သဘောထားများ ဖလှယ်ခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟယ်လိဖုန်းက တရုတ်-ပြင်သစ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် မြှင့်တင်ရန် အလားအလာများ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲတို့၏ သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှု ရရှိအောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် အပြန်အလှန်၏ အရေးကြီးသော ကုန်သွယ်စီးပွားရေး မိတ်ဖက်များဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့်အတူ ကုန်သွယ်စီးပွားရေး ကဏ္ဍများတွင် ဆွေးနွေးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ရန်၊ တရုတ်-ဥရောပသမဂ္ဂ ကုန်သွယ်စီးပွားရေး ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော စွမ်းအင်များ ဖြည့်တင်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Bonne က ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဥရောပသမဂ္ဂ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများတွင် အပြုသဘောဆောင်သော ရလဒ်များ အဆက်မပြတ်ရရှိအောင် တွန်းအားပေးရန်၊ ဥရောပသမဂ္ဂ-တရုတ် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

.....................................
(Chinese Version)
何立峰会见法国总统外事顾问博纳
新华社北京10月14日电 中共中央政治局委员、国务院副总理何立峰13日下午在人民大会堂会见法国总统外事顾问博纳,就中法经贸务实合作和中欧经贸关系交换意见。
何立峰表示,中法经贸合作具有广阔提升空间,中方愿继续同法方一道落实好两国元首共识,加强经济各领域务实合作、实现互利共赢。中欧互为重要经贸伙伴,中方愿同欧方在经贸领域持续开展对话,为中欧经贸关系的发展注入更多稳定性和正能量。
博纳表示,法方高度重视对华经济合作,愿同中方一道推动欧中贸易投资磋商不断取得积极成果,保持欧中经贸关系稳定发展。(完)
图说::10月13日下午,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见法国总统外事顾问博纳。 新华社记者 刘卫兵 摄








