
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဖွယ်ရှိကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံရန် အစီအစဉ်ရှိမရှိ သတင်းထောက်များက အိမ်ဖြူတော်၌ မေးမြန်းခဲ့ရာတွင် ထရမ့်က "တွေ့ဆုံဖြစ်ကောင်း တွေ့ဆုံနိုင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
"ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာပါ၊ ဟုတ်တယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်နဲ့ သူနဲ့ကတော့ အဆင်ပြေပါတယ်" ဟု သမ္မတ ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
ထရမ့်သည် လာမည့်လတွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ဩဂုတ်လကလည်း ထရမ့်သည် ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကင်ဂျုံအန်းနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ဖူးသည်။ (Xinhua)
#Trump #DPRKleader #ထရမ့် #မြောက်ကိုရီးယားခေါင်းဆောင်
……………………………………………….
(English version)
Trump says he may meet top DPRK leader during Asia trip next month
WASHINGTON, Oct. 12 (Xinhua) -- U.S. President Donald Trump said on Monday that he may meet with Kim Jong Un, top leader of the Democratic People's Republic of Korea, during his trip to Asia in November.
Asked by reporters at the White House whether he planned to meet Kim during the trip, Trump replied, "I may."
"That'll be exciting, won't it? But I get along with him," the president added.
Trump has expressed his intention to attend the APEC Economic Leaders' Meeting in China next month.
In August, Trump suggested that he expected to meet Kim sometime this year.
Photo caption: Top leader of the Democratic People's Republic of Korea (DPRK) Kim Jong Un (L) shakes hands with U.S. President Donald Trump during the signing ceremony of a joint statement in Singapore on June 12, 2018. (Xinhua/Ministry of Communication and Information of Singapore)








