
ရီယတ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်း ရေနံစိမ်း လက်ကျန်ပမာဏသည် “အလွန်အမင်းအန္တရာယ်များသော” နည်းပါးသည့်အဆင့်သို့ ရောက်လုနီးပါးဖြစ်နေရာ ပုံမှန်အဆင့်အနေအထားသို့ ပြန်လည်ရောက်ရှိရန် အချိန် နှစ်နှစ်လိုအပ်နိုင်သည်ဟု ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ (Saudi Aramco) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Amin H. Nasser က အောက်တိုဘာ ၁၂ ရက်တွင် ၂၅ ကြိမ်မြောက် ကမ္ဘာ့ရေနံကောင်စီ စွမ်းအင်ညီလာခံ (ကမ္ဘာ့ရေနံညီလာခံ) ၌ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြား အခြေအနေ၏ ရိုက်ခတ်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်း စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်သည် ဆက်တိုက်ဖိအားပေးခံရကာ ရေနံစိမ်းထောက်ပံ့မှု ပြတ်လပ်သည့် အခြေအနေ ဆိုးရွားလာခဲ့သည်။ လက်ရှိ စီးပွားဖြစ်သုံး ကုန်းမြေပေါ်ရှိ ရေနံလက်ကျန်ပမာဏသည် စည်အရေအတွက် သန်း ၆,၀၀၀ ထက် လျော့နည်းနေပြီဖြစ်ရာ ယင်းမှာ “နောက်ဆုံး အသုံးပြုနိုင်သည့် ကြားခံနယ်” ဖြစ်နေပြီဖြစ်ကြောင်း၊ သို့သော် အဆိုပါလက်ကျန် ကျန်ရှိမှုများ၏ အများစုမှာ လက်တွေ့တွင် ဈေးကွက်အတွင်း၌ အသုံးပြုနိုင်မှု မရှိကြောင်း Amin H. Nasser က ဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်း ရေနံစိမ်း အသုံးပြုမှု လိုအပ်ချက်များသည် ဆက်တိုက်မြင့်တက်နေဆဲဖြစ်သဖြင့် ဟော်မုဇ်ရေလက်ကြားက ကာလတိုအတွင်း အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပြီး ဈေးကွက်ယုံကြည်မှုများ ဘက်စုံ ပြန်လည်တိုးတက်လာသည့်တိုင် လုံးဝကုန်ဆုံးသွားသော လက်ကျန်ပမာဏကို အပြည့်အဝ ပြန်လည်ဖြည့်တင်းလိုပါက “သာမန်ထက် ဝန်အားပိုမိုများပြားစွာ ထုတ်လုပ်မှု” အချိန် နှစ်နှစ်ထက်မနည်း လိုအပ်ကြောင်း Amin H. Nasser က ယူဆသည်။
လက်ရှိနိုင်ငံတက ဒီဇယ်ဆီဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၂၀၀ ခန့် ရှိလာပြီဖြစ်ရာ မြင့်မားသောဈေးနှုန်းက ကမ္ဘာတစ်ဝန်း စွမ်းအင်ဈေးကွက်အပေါ် ဖိအားများ သယ်ဆောင်လာကြောင်း၊ ယင်းသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ စွမ်းအင်အခြေခံအဆောက်အဦနှင့် ပို့ဆောင်ရေးလမ်းကြောင်း လုံခြုံမှုကို အတူတကွကြိုးပမ်း အာမခံပေးခြင်း၏ အရေးကြီးမှုကို တစ်ဆင့်တိုး ပေါ်လွင်စေကြောင်း Amin H. Nasser က ပြောကြားခဲ့သည်။
Saudi Aramco ကုမ္ပဏီအနေဖြင့် တစ်နေ့တခြား တိုးမြင့်လာသော စွမ်းအင်လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချမှုကို တစ်ဆင့်တိုးမြှင့်တင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၎င်း၏ ထုတ်လုပ်မှုစွမ်းရည်ကို ၂၀၂၁ ခုနှစ် အဆင့်ထက် ၈၀ ရာခိုင်နှုန်းခန့် မြှင့်တင်သွားရန် စီစဉ်ထားကြောင်း Amin H. Nasser က ဆိုခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
沙特阿美总裁:全球原油库存逼近“危险低位”
新华社利雅得10月13日电(记者马晓成 王科文)沙特阿拉伯国家石油公司(沙特阿美公司)总裁兼首席执行官阿明·纳赛尔12日在第二十五届世界石油理事会能源大会(世界石油大会)上表示,全球原油库存正逼近“极度危险”的低位,可能需要两年时间才能恢复至正常水平。
受霍尔木兹海峡局势影响,全球能源供应链持续承压,原油供应紧张程度加剧。纳赛尔表示,当前商业陆上石油库存已低于60亿桶,这已经是“最后可用的缓冲”,但这些库存绝大多数实际上无法为市场所用。
纳赛尔认为,由于全球原油消费需求依然在持续攀升,即便霍尔木兹海峡在短期内完全重新开放、市场信心全面恢复,想要彻底补充消耗殆尽的库存,至少需要长达两年的“超负荷加班生产”。
纳赛尔表示,当前国际柴油价格已达到每桶约200美元,高涨的价格给全球能源市场带来压力,凸显加强国际合作、共同努力保障能源基础设施和运输路线安全的重要性。
纳赛尔说,沙特阿美计划进一步增加天然气销售,到2030年时将其生产能力从2021年的水平提高约80%,以满足日益增长的能源需求。(完)
图说1:这是8月24日在美国纽约拍摄的炼油厂。 新华社记者 张凤国 摄
图说2:这是9月15日在美国纽约一个加油站拍摄的价格牌。新华社记者 张凤国 摄








