ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Moskva မြစ်တွင် ခရီးသွားဧည့်သည်များ လိုက်ပါစီးနင်းလာသော သင်္ဘောများခုတ်မောင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Moskva မြစ်တွင် ခရီးသွားဧည့်သည်များ လိုက်ပါစီးနင်းလာသော သင်္ဘောများခုတ်မောင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသားများအနေဖြင့် အောက်တိုဘာ ၁၅ ရက်မှ စတင်၍ အသက်ဝင်မည့် တစ်နှစ်တာကာလ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အရ ရုရှားနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနက အောက်တိုဘာ ၁၃ ရက်၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါမူဝါဒတွင် စီးပွားရေးခရီးစဉ်များ၊ ခရီးသွားလာခြင်း၊ ပွဲလမ်းသဘင်များတွင် ပါဝင်တက်ရောက်ခြင်းနှင့် တတိယနိုင်ငံများသို့ သွားရောက်ရန်အတွက် ဖြတ်သန်းသွားလာခြင်းတို့တွင် အကျုံးဝင်သော်လည်း အလုပ်အကိုင်ရယူခြင်း၊ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်း သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်အတွက် ခရီးသွားလာခြင်းတို့တွင်မူ အကျုံးမဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် နှစ်နိုင်ငံကြား၌ သီတင်းပတ်တစ်ပတ်လျှင် တိုက်ရိုက်လေယာဉ်ခရီးစဉ် အရေအတွက် ၇၀ ကျော် ပျံသန်းပြေးဆွဲလျက်ရှိပြီး ရုရှားနိုင်ငံရှိ ဒေသများနှင့် ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်း၊ နိုင်ငံအလယ်ပိုင်း မြို့တော် Da Nang ၊ နိုင်ငံအလယ်ပိုင်း ပြည်နယ် Khanh Hoa နှင့် ဟိုချီမင်းမြို့တော်တို့ကို ချိတ်ဆက်ပေးထားကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Russia grants visa-free entry to Vietnamese citizens

HANOI, Oct. 13 (Xinhua) -- Vietnamese citizens can enter Russia without visas and stay for up to 30 days under a one-year visa exemption scheme effective from Oct. 15, the Vietnam News Agency reported Tuesday.

The policy covers business trips, tourism, event participation and transit to third countries, but excludes travel for employment, journalistic activities, study or permanent residence, the report said.

The two countries currently operate more than 70 direct flights per week, connecting Russian localities with Vietnam's capital Hanoi, the central city of Da Nang, the central province of Khanh Hoa and Ho Chi Minh City. ■

Photo caption: Tourist boats travel on the Moskva River in Moscow, Russia, July 11, 2026. (Xinhua/Feng Kaihua)