အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က အောက်တိုဘာ ၁၃ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသားကာ ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်နိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရေနံစျေးနှုန်းများကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်နေသည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။

ထရမ့်က ဟူသီလက်နက်ကိုင်အဖွဲ့သည် “အလွန်ဆိုးရွားသော” နည်းလမ်းများဖြင့် ဆော်ဒီအာရေဗျနိုင်ငံကို တိုက်ခိုက်လျက်ရှိပြီး အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲမတိုင်မီ ရေနံစျေးနှုန်းများကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်ရန် လုပ်ဆောင်ဖွယ်ရှိသည်ဟု ဆိုသည်။

ထိုနေ့ အစောပိုင်းတွင် ထရမ့်က ၎င်းသည် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့စံမင်းသားနှင့် ဝန်ကြီးချုပ် Mohammed bin Salman နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးဖြစ်ကြောင်း အိမ်ဖြူတော်မှ အလက်စကာပြည်နယ်သို့ ထွက်ခွာမသွားမီ မီဒီယာများထံ ပြောကြားခဲ့သော်လည်း ဆော်ဒီ၏ ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်သည့်လှုပ်ရှားမှုအတွင်း ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ပြီးဖြစ်/မဖြစ်ကိုမူ ဖွင့်ဟပြောကြားရန် ငြင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းသည် မကြာမီတွင် အီရန်နိုင်ငံနှင့် ပတ်သက်သော ကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည်ဟုလည်း ပြောကြားခဲ့သည်။  

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့တို့သည် မကြာသေးမီရက်များတွင် အပြန်အလှန် တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal အဆောက်အဦကို တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးကာ လူ ၃၀၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့တွင်ပင် ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ဆော်ဒီ၏ ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်သည့်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သင့်/မသင့်ကို ၎င်း အကဲဖြတ်လျက်ရှိပြီး “တတ်နိုင်သမျှ အမြန်ဆုံး ဆုံးဖြတ်ချက်ချမည်” ဟု ပြောကြားခဲ့သည်။ (Xinhua)

.................................

(Chinese Version)

特朗普指责胡塞武装蓄意在美中期选举前推高油价

新华社华盛顿10月13日电(记者黄强 徐剑梅)美国总统特朗普13日在社交媒体发文,指责也门胡塞武装在美国中期选举前蓄意推高油价。  

特朗普说,胡塞武装以“非常恶劣”的手段打击沙特阿拉伯,并很可能蓄意在美国选举前推高油价。  

当天早些时候,特朗普在离开白宫前往阿拉斯加州前对媒体说,他已与沙特阿拉伯王储兼首相穆罕默德通话,但拒绝透露是否已决定加入沙特打击胡塞武装的行动。他还说,将很快就伊朗问题作出决定。  

也门胡塞武装同沙特主导的多国联军近日持续相互袭击。10日,位于沙特首都利雅得的哈立德国王国际机场航站楼遭袭,造成12人死亡、309人受伤。特朗普同日表示,他正在评估美国是否应该加入沙特对胡塞武装的打击行动,并将“尽快做出决定”。(完)

图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)