တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အမေရိကန် Apple Inc., ၏ ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ တင်မ်ကွတ်နှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် အမေရိကန် Apple Inc., ၏ ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ တင်မ်ကွတ်ကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟယ်လိဖုန်းက နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ပြီး “လေးစားမှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” ကို တည်ဆောက်ခြင်းသည် နှစ်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိပြီး မာတီနေရှင်နယ်လ်ကုမ္ပဏီလုပ်ငန်းများအား တည်ငြိမ်သော ကြိုတင်ခန့်မှန်းချက်နှင့် ကောင်းမွန်သော စီးပွားရေးလည်ပတ်မှုဝန်းကျင်ကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ Apple ကုမ္ပဏီ အပါအဝင် နိုင်ငံအသီးသီးမှ နည်းပညာ ကုမ္ပဏီလုပ်ငန်းများကို တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးပြု၍ ဘုံအကျိုးစီးပွားဖော်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများတွင် ဆက်လက် နက်ရှိုင်းစေပြီး တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းရေး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

တင်မ်ကွတ်က Apple ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည့်အဝ ယုံကြည်မှုရှိကြောင်းနှင့် စက်မှုစီးပွားရေး အသိုင်းအဝိုင်းအတွက် ပေါင်းကူးတံတား အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကာ အမေရိကန်-တရုတ် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအားကောင်းသော အင်အားများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အမေရိကန် Apple Inc., ၏ ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ တင်မ်ကွတ်နှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အမေရိကန် Apple Inc., ၏ ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ တင်မ်ကွတ်နှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

...........................

(Chinese Version)
何立峰会见苹果公司执行董事长蒂姆·库克

新华社北京10月12日电 中共中央政治局委员、国务院副总理何立峰12日下午在人民大会堂会见美国苹果公司执行董事长蒂姆·库克。  

何立峰表示,落实好两国元首共识,构建“基于尊重、公平、对等的中美建设性战略稳定关系”,有利于两国乃至全球经济的稳定和发展,将为跨国企业提供稳定预期和良好经营环境。欢迎包括苹果公司在内的各国科技企业持续深化对华互利共赢合作,共享中国式现代化发展机遇。  

库克表示,苹果公司对在华长期发展充满信心,将发挥工商界沟通桥梁作用,为推动美中经贸关系稳定健康发展贡献更多力量。(完)

图说:10月12日下午,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见美国苹果公司执行董事长蒂姆·库克。 新华社记者 翟健岚 摄