ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ ဂျယ်ရမီ ဒိုကူ (ဝဲ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ ဂျယ်ရမီ ဒိုကူ (ဝဲ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းက  ပွဲကစားချိန် ဒုတိယပိုင်းတွင် ရိုင်ယန် ဂရာဗင်ဘာ့ချ် ထုတ်ပယ်ခံရမှုကို အခွင့်ကောင်းယူ၍ အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်အသင်း ပရိသတ်များ၏ ဖိအားပေးမှုများကို ကျော်လွှားကာ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြသခဲ့သည်။

မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ "လိမ်ညာလှည့်ဖြားသူများ" ဟူ၍ လီဗာပူးလ်အသင်း ပရိသတ်များ၏ သံပြိုင်လှောင်ပြောင်အော်ဟစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပွဲချိန် ၆၂ မိနစ်တွင် ဂရာဗင်ဘာ့ချ် ဒုတိယအကြိမ် အဝါကတ်ထိကာ ထုတ်ပယ်ခံရပြီးနောက် မန်စီးတီးက ပွဲကိုထိန်းချုပ်သွားခဲ့သည်။

ဂရာဗင်ဘာ့ချ် ထုတ်ပယ်ခံရပြီး ၃ မိနစ်အကြာတွင် အာလင် ဟာလန်းက မန်စီးတီးအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၆၈ မိနစ်တွင် ဂျယ်ရမီ ဒိုကူ တောင်ပံမှ အတွင်းသို့ချိုးဝင်ကာ ဂိုးထောင့်ထဲသို့ ဝေ့ဝိုက်ကန်သွင်းယူခဲ့သဖြင့် မန်စီးတီးအသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သည်။

ထို့နောက် လှပညက်ညောသည့် တွဲလုံးမှတစ်ဆင့် ရာယန် ရှာကီက တတိယဂိုး ထပ်မံသွင်းယူခဲ့သဖြင့် ဧည့်သည် မန်စီးတီးအသင်းက ပြတ်သားသော အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။

အခြားသော ပရီးမီးယားလိဂ်ပွဲစဉ်၌ တန်းတက် ဟားလ်စီးတီးအသင်းက အိမ်ကွင်းတွင် အဲဗာတန်အသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့ပြီး အဆိုပါပွဲစဉ်၌ ၎င်း၏စိတ်ဓာတ်ကြံ့ခိုင်မှုကို နှစ်ကြိမ်တိုင်တိုင် ပြသနိုင်ခဲ့သည်။

ပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီးနောက် ပွဲချိန် ၄၈ မိနစ်တွင် ဂျိုးဂျဲလ်ဟတ်က လှပသေသပ်သော သွင်းဂိုးဖြင့် ဟားလ်စီးတီးအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သော်လည်း အဲဗာတန်က ကီယာနန် ဒျူးစ်ဘရီဟောလ်နှင့် သီယာနို ဘယ်ရီတို့၏ သွင်းဂိုးများဖြင့် ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

သို့သော် ပွဲချိန် ၇၄ မိနစ်တွင် မိုဟာမက် ဘယ်လူမီက အပြင်းကန်ချက်ဖြင့် အိမ်ရှင်ဟားလ်စီးတီးအသင်းအတွက် သရေတစ်မှတ် ရယူပေးခဲ့သည်။

အိုလီဗာ ဂလက်စ်နာအနေဖြင့် ခရစ္စတယ်ပဲလေ့စ်၏အိမ်ကွင်း ဆဲလ်ဟာ့စ်ပါ့ခ်သို့ နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ကာ အသင်းဟောင်းနှင့် ရင်ဆိုင်ခဲ့သည့် ပွဲစဉ်၌ ပဲလေ့စ်က နောက်မှလိုက်ကစားကာ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဂလက်စ်နာအဖို့ ရလဒ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။

ပွဲချိန် ၃ မိနစ်မှာပင် ဒန် အင်ဒိုယီက ဖောရက်စ်အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သော်လည်း ပွဲချိန် ၄၁ မိနစ်တွင် ဒါအိချိ ကာမာဒါက ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုတွင် ဂျက်ဖာဆန် လာမာက ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် အိမ်ရှင်ပဲလေ့စ်အသင်း ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ပွဲချိန် ၅၉ မိနစ်တွင် စပိန်လက်ရွေးစင် ယီရယ်မီ ပီနိုက တတိယဂိုးသွင်းယူကာ ပဲလေ့စ်၏ အနိုင်ရလဒ်ကို သေချာစေခဲ့သည်။

အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လက်ရှိချန်ပီယံ အာဆင်နယ်က အိမ်ကွင်းအမ်းမရိတ်တွင် လိဒ်စ်ယူနိုက်တက်ကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးကို ဂျိမ်းစ် ဂျပ်စတင်က သွင်းယူခဲ့သော်လည်း ဒုတိယပိုင်းတွင် ရီကာဒို ကာလာဖီအိုရီနှင့် ဘရူနို ဂီမာရေးစ်တို့၏ သွင်းဂိုးများကြောင့် လက်ရှိချန်ပီယံ အာဆင်နယ်က အနိုင်သုံးမှတ် ရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းက ဘုန်းမောက်အသင်းကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဂျော်ဒန် ဟန်ဒါဆန်နှင့် ယာအို ပက်ဒရိုတို့က နှစ်ဂိုးစီသွင်းယူခဲ့ကာ မော်ဂန် ရော်ဂျာစ်က တစ်ဂိုးသွင်းယူခဲ့သည်။

မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် တစ်ယောက်လျော့ တော့တင်ဟမ်ဟော့စပါးအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့ပြီး ဘရိုက်တန်က ဆန်းဒါလန်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အက်စတွန်ဗီလာနှင့် ဘရန့်ဖို့ဒ်အသင်း၏ ပွဲစဉ်မှာမူ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် သရေတစ်မှတ်စီ ခွဲယူခဲ့ရပြီး အစ်ဆွစ်ချ်တောင်းက အိမ်ကွင်းတွင် ဖူလ်ဟမ်အသင်းကို တစ်ဂိုးအရှုံးမှ ၂-၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က လီဗာပူးလ်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ ရိုင်ယန် ဂရာဗင်ဘာ့ချ်အား တွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က လီဗာပူးလ်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ ရိုင်ယန် ဂရာဗင်ဘာ့ချ်အား တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Manchester City impresses with Anfield win

LONDON, Oct. 11 (Xinhua) -- Manchester City capitalized on Ryan Gravenberch's second-half dismissal to beat Liverpool 3-0 at Anfield on Sunday, overcoming a hostile atmosphere to underline its Premier League title credentials.

City faced chants of "cheats" from Liverpool supporters amid ongoing controversy over the club's alleged breaches of Premier League financial rules, but took control after Gravenberch was sent off for a second yellow card in the 62nd minute.

Erling Haaland broke the deadlock three minutes later with a first-time finish before Jeremy Doku doubled City's lead in the 68th minute, cutting inside and curling a shot into the corner.

Rayan Cherki added a third after a flowing passing move to complete an emphatic victory for the visitors.

Elsewhere, newly promoted Hull City twice showed its resilience in a 2-2 home draw against Everton.

After a goalless first half, Joe Gelhardt put Hull ahead with a delicate finish in the 48th minute, but Everton responded through Kiernan Dewsbury-Hall and Thierno Barry to turn the match around.

Mohamed Belloumi rescued a point for the hosts with a powerful strike in the 74th minute.

Nottingham Forest coach Oliver Glasner endured an unhappy return to his former club as Crystal Palace came from behind to win 3-1 at Selhurst Park.

Dan Ndoye gave Forest a third-minute lead, but Palace equalized through Daichi Kamada in the 41st minute before Jefferson Lerma struck in first-half stoppage time to put the hosts ahead.

Spain international Yeremy Pino sealed the victory with Palace's third goal in the 59th minute.

On Saturday, Arsenal came from behind to beat Leeds United 2-1 at the Emirates Stadium. James Justin put the visitors ahead before second-half goals from Riccardo Calafiori and Bruno Guimaraes secured all three points for the reigning champion.

Chelsea thrashed Bournemouth 5-1, with Jordan Henderson and Joao Pedro scoring twice each and Morgan Rogers also on target.

Manchester United drew 1-1 with 10-man Tottenham Hotspur at Old Trafford, while Brighton won 2-0 at Sunderland.

Aston Villa and Brentford shared the points in a 2-2 draw, while Ipswich Town recovered from a goal down to beat Fulham 2-1 at home.

Photo caption 1: Jeremy Doku (L) of Manchester City celebrates scoring during the FA Cup Semifinal match between Manchester City and Southampton in London, Britain, on April 25, 2026. (Xinhua)

Photo caption 2: Liverpool's Ryan Gravenberch reacts during the English Premier League match between Liverpool FC and Nottingham Forest FC in Liverpool, Britain, on Nov. 22, 2025. (Xinhua)