
မက်ဒရစ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းသည် အောက်တိုဘာ ၁၀ ရက်က ဂီတာဖေးအသင်းကို အိမ်ကွင်း၌လက်ခံကစားခဲ့သည့်ပွဲတွင် ၃-၀ ဂိုးရလဒ်ဖြင့် လွယ်ကူစွာအနိုင်ရခဲ့ပြီး လာလီဂါ ၈ ပွဲကစားပြီး ၈ ပွဲစလုံးအနိုင်ရသည့်မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့သည်။
ပွဲစပြီး ၂ မိနစ်အကြာ၌ပင် အန်တိုနီဂေါ်ဒွန်က ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ဂီတာဖေးအသင်းမှာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးကစားခဲ့သည့်ဘာစီလိုနာဂိုးသမားဂျိုအန်ဂါဆီယာကို ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းမရှိသလောက်ပင်ဖြစ်ခဲ့သည်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဂေါ်ဒွန်က ဂီတာဖေးအသင်း၏ ပင်နယ်တီဧရိယာအတွင်းသို့ ဘောလုံးဆွဲပြေးလာကာ နေရာလွတ်ရရှိခဲ့ပြီးနောက် ၎င်းကန်သွင်းလိုက်သည့်ဘောလုံးက အနည်းငယ်လမ်းကြောင်းပြောင်းကာ ဂိုးရရှိသွားခဲ့ခြင်း ဖြစ်သည်။
ပွဲချိန်မိနစ် ၃၀ တွင် ဂီတာဖေးအသင်းနောက်တန်း၏ ဘောလုံးဆုံးရှုံးမှုမှရရှိလာသည့်ဘောလုံးကို ဂါဘရီရယ်ဂျေးဆုကရရှိခဲ့ကာ ဘာစီလိုနာအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
ဒဏ်ရာရရှိနေသည့် ရာဖင်ညာအစား ပွဲထွက်လူစာရင်းမှကစားခွင့်ရခဲ့သည့် ဂျေးဆုက ဂီတာဖေးဂိုးပေါက်ရှေ့တွင် ဖြတ်ဆွဲ၍ ထောင့်ဖြတ်ကန်ချက်ဖြင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းကပင် ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဆက်လက်ကစားနိုင်ခဲ့ကာ ပွဲချိန် ၇၃ မိနစ်တွင် ပြစ်ဒဏ်ဘော ရရှိခဲ့ရာမှတစ်ဆင့် လာမင်းယမားလ်ဖြတ်တင်ပေးသည့်ဘောလုံးကို ဂျူးလက်စ် ခွန်ဒဲက ပိတ်သွင်းယူပြီး ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ကာ ဘာစီလိုနာအသင်း တတိယဂိုးရရှိခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း ဒီပေါ်တီဗို အလာဗက်စ်အသင်းကို အဝေးကွင်းတွင် ၂-၁ ဂိုးရလဒ်ဖြင့်အနိုင်ကစားနိုင်ခဲ့ကာ ဘာစီလိုနာအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။
အက်သလက်တီကိုအတွက်ဦးဆောင်ဂိုးကို အလီဂျန်ဒရို ဂရင်မယ်ဒိုက ပွဲချိန် ၃၃ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အလာဗက်စ်အသင်းအတွက် ပွဲချိန်မိနစ် ၅၀ တွင်လူးကက်စ်ဘိုယီက ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ပြိုင်ဘက်ကစားသမားကို နောက်မှကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့သည့် အိန်ဂျယ်ပီးရက်ဇ် အနီကတ်ပြခံရပြီးနောက် အလာဗက်စ်အသင်း၏ မျှော်လင့်ချက်များ ပျက်ပြားသွားခဲ့ရသည်။
အလာဗက်စ်အသင်းမှာ တစ်ဦးလျော့အနေအထားဖြင့် ပွဲချိန် ၈၇ မိနစ်အထိ အက်သလက်တီကို,ကို တောင့်ခံကစားနိုင်ခဲ့သော်လည်း အဲလက်စ်ဘေနာ၏ ကောင်းမွန်တိကျသည့် ဘယ်ဘက်ခြမ်းမှ ဖြတ်တင်ပေးသည့် ဘောလုံးကို ခရစ္စတီယန်ရိုမဲရိုက ပြင်းထန်အားပါသည့်ခေါင်းတိုက်ချက်ဖြင့် ဂိုးသွင်းယူကာ အက်သလက်တီကိုအတွက် အနိုင်ပွဲရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အသင်းကမူ ဗီလာရီးရဲလ်အသင်းကို ၁-၀ ဂိုးဖြင့်သာ ပွတ်ကာသီကာ အနိုင်ရရှိသွားခဲ့သည်။ ပထမပိုင်းပွဲချိန်အစောပိုင်းအချိန်များတွင် ရှင်းလင်းသည့်အပိုင်ဂိုးသွင်းခွင့်များနည်းပါးခဲ့သလို ကီလီယန် အမ်ဘာပေ၏ ကန်ချက်ကလည်း ဂိုးတိုင်ထိမှန်ခဲ့သည်။ ပွဲချိန် ၆၂ မိနစ်တွင် ရီးရဲလ်အသင်းက ယန်းဒီယိုမန်ဒီ၏ သွင်းဂိုးဖြင့် အနိုင်ပွဲရရှိသွားခဲ့သည်။ ကနဦးတွင်အဆိုပါသွင်းဂိုးကို လူကျွံဘောအဖြစ် ဆုံးဖြတ်ခဲ့သော်လည်း VAR ဖြင့် အချိန်ကြာမြင့်စွာ ပြန်လည်စစ်ဆေးပြီးနောက် လူကျွံဘောကို ပယ်ဖျက်ကာ ဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဗင်နီစီယက်စ်ဂျူနီယာကလည်း ပွဲချိန် ၇၂ မိနစ်တွင် ၎င်းက ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့သော်လည်း အဆိုပါဂိုးမရမီ ၎င်းက ဗီလာရီးရဲလ် ကွင်းလယ်ကစားသမား နသန်ဆာလီဘာ၏ ဆံပင်ကို နောက်မှလှမ်းဆွဲမိခဲ့ခြင်းကြောင့် အဆိုပါသွင်းဂိုးမှာ ပယ်ဖျက်ခံခဲ့ရသည်။ ဂိုးရမည့်အစား VAR ဖြင့် ပြန်ကြည့်ပြီးနောက် အနီကတ်အပြခံခဲ့ရသလို ဒေါသတကြီးတုံ့ပြန်ခဲ့မှုကြောင့်လည်း ဗင်နီစီယက်စ်မှာ ကာလရှည်ပွဲပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
အောက်တိုဘာ ၉ ရက်က ကစားခဲ့သည့် လာလီဂါပွဲစဥ်တွင် မာလာဂါအသင်းက အိမ်ကွင်း၌ အက်စ်ပန်ညိုအသင်းနှင့် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ အောက်တိုဘာ ၁၀ ရက်က ကစားခဲ့သည့် ရာယိုဗယ်လီကာနိုနှင့် အက်သလက်တစ် ဘီလ်ဘာအိုအသင်းတို့၏ ပွဲစဥ်တွင်မူ အိမ်ရှင်ဗယ်လီကာနိုအသင်းပရိသတ်များက ကလပ်ဥက္ကဋ္ဌ Raul Martin Presa ကို ကန့်ကွက်သည့်အနေဖြင့် အရာဝတ္ထုများဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခဲ့ကြခြင်းကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရသည်။ (Xinhua)
(English version)
Barcelona, Atletico Madrid and Real Madrid all win in different ways in La Liga
MADRID, Oct. 10 (Xinhua)
FC Barcelona made it eight wins from eight games with a comfortable 3-0 victory at home to Getafe on Saturday.
Getafe rarely troubled the fit-again Joan Garcia in the Barcelona goal after Anthony Gordon put Barcelona ahead in the second minute of the game.
The England international was given space to run towards the Getafe penalty area and his shot took a slight deflection on its way into the back of the net.
Gabriel Jesus doubled the lead in the 30th minute after Getafe gave the ball away, with the Brazilian, who started for the injured Raphinha, hitting an angled drive across the face of goal.
Barcelona continued to dominate possession, and Jules Kounde added the third in the 73rd minute, converting a free kick from Lamine Yamal.
Atletico Madrid kept the pressure on Barcelona with a 2-1 win away to Deportivo Alaves.
Alejandro Grimaldo put Atletico ahead in the 33rd minute. Lucas Boye equalized from the penalty spot in the 50th minute, but Alaves' hopes suffered a setback when Angel Perez was sent off for a challenge from behind.
Alaves held on until the 87th minute when Cristian Romero scored a powerful header following Alex Baena's pinpoint cross from the left.
Real Madrid edged Villarreal 1-0, with Kylian Mbappe hitting the post early in a first half that produced few clear chances. Yan Diomande scored the winner in the 62nd minute after a long VAR review overturned an initial offside decision.
Vinicius Jr thought he had scored a second goal in the 72nd minute but the goal was ruled out because the striker had pulled Nathan Saliba's hair, and instead of a goal, Vinicius was shown a red card and his angry reaction could earn him a lengthy suspension.
The round began on Friday with Malaga drawing 1-1 at home to Espanyol. Saturday's match between Rayo Vallecano and Athletic Bilbao was suspended after home fans threw objects onto the pitch in protest against club president Raul Martin Presa. ■
Photo caption: Yan Diomande (front R) of Real Madrid vies with Alex Freeman of Villarreal during a La Liga football match between Real Madrid and Villarreal in Madrid, Spain, on Oct. 10, 2026. (Photo by Gustavo Valiente/Xinhua)








