
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်နိုင်ငံမှ ကျိန့်ချင်းဝန်က ဘယ်လ်ဂျီယမ်နိုင်ငံမှ အဲလစ်ဇ် မာတင်စ်ကို ၇-၅၊ ၆-၂ ဖြင့် အနိုင်ရရှိကာ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သလို ဝါရင့်တရုတ်တင်းနစ်မယ် ကျန်းစွိုက်နှင့် ချက်တင်းနစ်မယ် ကက်ထရီနာ ဆီနီယာကိုဗာ တို့အတွဲကလည်း အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
Wild Card ကစားသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျိန့်သည် ဒုတိယပွဲတွင် မာတင်စ် (ဆီဒင်-၁၃) ၏ စပေးဘောမှ အမှတ်ယူနိုင်ခဲ့သော်လည်း သတ္တမမြောက်ပွဲငယ်တွင် မာတင်စ်က ကျိန့်၏စပေးဘောမှ အမှတ်ပြန်ယူနိုင်ခဲ့သဖြင့် ၄-၄ ဖြင့် အမှတ်တူဖြစ်နေခဲ့သည်။ ပထမပွဲပြီးခါနီးတွင် အကြိတ်အနယ် ကစားပြီးနောက် ကျိန့်က ၇-၅ ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲတွင်လည်း ပွဲကိုထိန်းချုပ်ကစားကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
အဆိုပါ ရလဒ်သည် ကျိန့်အတွက် China Open ပြိုင်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ပထမဆုံး အိမ်ရှင်ကစားသမား ဖြစ်လာခဲ့သည်။ (Xinhua)



..................................
(English Version)
Zheng reaches China Open final first time
BEIJING, Oct. 10 (Xinhua) -- China's Zheng Qinwen defeated Belgium's Elise Mertens 7-5, 6-2 here on Saturday to reach the China Open women's singles final for the first time, while home veteran Zhang Shuai and the Czech Republic's Katerina Siniakova advanced to the women's doubles final.
Zheng, a wild card, broke 13th seed Mertens in the second game, but the Belgian broke back in the seventh to level at 4-4. After a tight finish to the opening set, Zheng prevailed 7-5 before taking control of the second to seal the victory.
The result marked Zheng's best performance at the event and made her the first home player in tournament history to reach the singles final.
Photo caption 1: Zheng Qinwen hits a return during the women's singles semifinal between Zheng Qinwen of China and Elise Mertens of Belgium at 2026 China Open tennis tournament in Beijing, China, Oct. 10, 2026. (Xinhua/Zhang Chenlin)
Photo caption 2: Elise Mertens hits a return during the women's singles semifinal between Zheng Qinwen of China and Elise Mertens of Belgium at 2026 China Open tennis tournament in Beijing, China, Oct. 10, 2026. (Xinhua/Ju Huanzong)








