
မက်ဒရစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ဗီလာရီးရဲလ်အသင်းနည်းပြအင်နီဂိုပီရက်ဇ်က ရီးရဲလ်မက်ဒရစ်အသင်းအိမ်ကွင်းသို့ အောက်တိုဘာ ၁၀ ရက်တွင် သွားရောက်ယှဉ်ပြိုင်မည့် လာလီဂါပွဲစဉ်သည် ယခုရာသီ၏လက်ကျန်ပွဲစဉ်များအတွက် မိမိတို့အသင်း၏ရည်မှန်းချက်နှင့်အစွမ်းအစကို ထုတ်ဖော်ပြသနိုင်မည့်အခွင့်ကောင်းဖြစ်လာရန် မျှော်လင့်ကြောင်း အောက်တိုဘာ ၈ ရက်က ပြောကြားခဲ့သည်။
ရာယိုဗယ်လက်ကာနိုအသင်းနည်းပြဟောင်း ပီရက်ဇ်သည် ဗီလာရီးရဲလ်အသင်းကိုစတင်ကိုင်တွယ်ချိန် လာလီဂါ ပထမငါးပွဲဆက်တိုက်အနိုင်မရခဲ့သောကြောင့် အစပိုင်း၌အခက်အခဲအချို့ရှိခဲ့သော်လည်း နိုင်ငံတကာပွဲစဉ်များမတိုင်မီ မာလာဂါနှင့် လီဗန်တေးအသင်းတို့ကို အနိုင်ရရှိခဲ့သောကြောင့် အသင်း၏ ခြေစွမ်းတိုးတက်လာမှုကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် လာမည့်အောက်တိုဘာ ၁၀ ရက်တွင် ဆန်တီယာဂိုဘာနေဗျူးကွင်းသို့ သွားရောက် ယှဉ်ပြိုင်ရမည့်ပွဲကတော့ ခက်ခဲမည့်ပွဲတစ်ပွဲ ဖြစ်လာဖွယ်ရှိသည်။
"ဒီပွဲဟာ ကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတာ ကွင်းထဲထွက်ပြီးပြသဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ" ဟု ပီရက်ဇ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဗီလာရီးရဲလ်နည်းပြက “ဒီပွဲ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်၊ ပြိုင်ဘက်အသင်းက ကျွန်တော်တို့ကို အများကြီးတောင်းဆိုဖိအားပေးလာမှာကို သိပါတယ်၊ ဒါပေမဲ့ ကြောက်ရွံ့မှုတွေကို ဘေးဖယ်ထားပြီး ကျွန်တော်တို့ကို တိုက်စစ်ဆင်ဖို့ ကြိုးစားလာမှာကို လက်ခံထားရပါမယ်” ဟု ရှင်းပြခဲ့သည်။
“ရီးရဲလ်မက်ဒရစ်အသင်းရဲ့အရည်အသွေးနဲ့အစွမ်းအစကို အသိအမှတ်ပြုဖို့ဝန်လေးစရာမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ခြေစွမ်းပြပြီး မိမိတို့ရဲ့ကစားဟန်ကို ထုတ်ဖော်ပြသနိုင်ဖို့ပါပဲ” ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။ ၎င်းက “အနိုင်ရအစွမ်းပြနိုင်တာဟာ အမြဲတမ်းကောင်းမွန်တဲ့ကိစ္စတစ်ခုပါပဲ" ဟု ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Villarreal coach Inigo Perez seeking 'statement' win away to Real Madrid
MADRID, Oct. 8 (Xinhua) -- Villarreal coach Inigo Perez said on Thursday that he hopes Saturday's return to La Liga action away to Real Madrid can be the moment that his side makes a statement of intent for the rest of the season.
The former Rayo Vallecano boss had a complicated start as his spell with Villarreal was without a win in his first five La Liga matches in charge, but wins against Malaga and Levante before the international break confirmed his side's improvement, although Saturday's visit to the Santiago Bernabeu Stadium promises to be complicated.
"It's the perfect stage to go out there and show what we can do," Perez told the press.
"We know very well how difficult it is, and we know our rival will demand a lot from us and put us under pressure, but we need to put any fear to one side and accept that they will try and attack us," explained the Villarreal boss.
"There is no problem in admitting their (Real Madrid's) quality, but it's also good for us to step up and show our own game," commented Perez, who added that "winning and making a statement is always a good thing."
Photo caption: Santiago Mourino (L) of Villarreal vies with Mika Godts of Ajax during the UEFA Champions League match between Villarreal and Ajax at La Ceramica Stadium in Vila-real, Spain, Jan. 20, 2026. (Str/Xinhua)








