
ရီယိုဒီဂျနေရိုး၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ကလဲရင့်စ်ဆီးဒေါ့ဖ်ကို ကိုရင်သီယန်ကလပ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ကြောင်း အဆိုပါကလပ်က အောက်တိုဘာ ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၇ ရက်က ကိုရင်သီယန်အသင်း၏ လိဂ်နောက်ဆုံး ၇ ပွဲဆက်တိုက်ရှုံးနိမ့်မှုအဖြစ် အင်တာနာဆီယွန်နယ်အသင်းကို ၂-၁ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင်ထုတ်ပယ်ခံခဲ့ရသည့်ဖာနန်ဒိုဒင်းနစ်ဇ်၏နေရာတွင် နည်းပြသစ်အဖြစ် အသက် ၅၀ အရွယ်ရှိ ဆီးဒေါ့ဖ်အား အစားထိုးခန့်အပ်ခြင်းဖြစ်ပြီး ကိုရင်သီယန်အသင်းနှင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ချူပ်ဆိုခဲ့ကြောင်း သိရသည်။
"အခုလို ကိုရင်သီယန်နည်းပြအဖြစ်ခန့်အပ်ခံရတာက ဂုဏ်ယူစရာကောင်းပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ကလည်း ကြီးမားတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်တော့်မှာရှိသမျှအရာအားလုံးပေးဆပ်ဖို့ ဒီကိုရောက်လာတာပါ။ ဘောလုံးတိုင်း၊ မိနစ်တိုင်း၊ အောင်ပွဲတိုင်းအတွက် တိုက်ပွဲဝင်နိုင်တဲ့အသင်းတစ်သင်းကို တည်ဆောက်သွားမှာပါ" ဟု ဆီးဒေါ့ဖ်က ကိုရင်သီယန်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
ဆီးဒေါ့ဖ်သည် ဘရာဇီးသို့လာမည့်ရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်ပြီး အောက်တိုဘာ ၁၉ရက်၌ ဗစ်တိုးရီးယားကလပ်အသင်းကို အိမ်ကွင်းလက်ခံကစားရမည့်ပွဲတွင် ဆော်ပေါ်လိုမြို့အခြေစိုက် ကိုရင်သီယန်အသင်းကို ပထမဆုံးအကြိမ် တာဝန်ယူရဖွယ်ရှိနေသည်။
ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့ဖူးသည့် ဆီးဒေါ့ဖ်သည် ၂၀၁၉ ခုနှစ်အတွင်းက ကင်မရွန်းလက်ရွေးစင်အသင်းကို ကာလတိုတာဝန်ယူခဲ့ပြီးနောက်ပိုင်းမှစ၍ မည်သည့်အသင်းကိုမျှ နည်းပြအဖြစ်တာဝန်ယူခဲ့ခြင်းမရှိပေ။ ဆီးဒေ့ါဖ်သည် ၂၀၁၄ ခုနှစ်အတွင်း ကစားသမားအဖြစ်မှအနားယူခဲ့ပြီးနောက် အေစီမီလန်၊ ဆန်းကျန့်နှင့် ဒီပေါ်တီဗိုလာကရူနာအသင်းများကို နည်းပြခဲ့ဖူးသည်။
ဆီးဒေါ့ဖ်သည် ကစားသမားဘဝမှ အနားမယူခင် ဘိုတာဖိုဂိုအသင်းတွင် ၁၈ လကြာကစားခဲ့ရာ ယခုကဲ့သို့ ကိုရင်သီယန်အသင်းကို နည်းပြအဖြစ်တာဝန်ယူလိုက်ခြင်းမှာ ၎င်းအတွက် ဘရာဇီးဘောလုံးလောကသို့ ဒုတိယအကြိမ်မြောက် ခြေချမှုလည်း ဖြစ်လာမည်ဖြစ်သည်။ (Xinhua)
.....................................
(English version)
Clarence Seedorf takes charge of Brazil's Corinthians
RIO DE JANEIRO, Oct. 11 (Xinhua)
Former Netherlands midfielder Clarence Seedorf has been appointed manager of Corinthians, the Brazilian club said on Sunday.
The 50-year-old replaces Fernando Diniz, who was sacked last Wednesday following a 2-1 loss at Internacional, the club's seventh straight league defeat. The deal runs until December 2027.
"It's an honor but also a great responsibility to take on this challenge," Seedorf told the official Corinthians website. "I'm here to give everything I have and build a team that fights for every ball, every minute, every victory."
Seedorf is due to arrive in Brazil in the coming days and is expected to take charge of the Sao Paulo-based club for the first time in its home clash against Vitoria on October 19.
The former Real Madrid, Inter Milan and AC Milan player has not coached since ending a brief spell in charge of Cameroon in 2019. He has also managed AC Milan, Shenzhen FC and Deportivo La Coruna since ending his playing career in 2014.
It will be Seedorf's second experience in Brazilian football, having spent 18 months as a player at Botafogo before announcing his retirement. ■
Photo caption: Corinthians' players celebrate after winning the 2026 Supercopa do Brasil final match between Corinthians and Flamengo in Brasilia, Brazil, Feb. 1, 2026. (Photo by Lucio Tavora/Xinhua)








