ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းများ လက်ခံထားရှိမှုကြောင့် နိုင်ငံ၏ တောင်ဘက်ဆုံးအပိုင်း အိုကီနာဝါစီရင်စုအပေါ်သို့ကျရောက်နေသည့်ဝန်ထုပ်ဝန်ပိုးများကိုလျှော့ချပေးရန် ဆန္ဒပြတောင်းဆိုနေကြသူများအား ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဥ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းများ လက်ခံထားရှိမှုကြောင့် နိုင်ငံ၏ တောင်ဘက်ဆုံးအပိုင်း အိုကီနာဝါစီရင်စုအပေါ်သို့ကျရောက်နေသည့်ဝန်ထုပ်ဝန်ပိုးများကိုလျှော့ချပေးရန် ဆန္ဒပြတောင်းဆိုနေကြသူများအား ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဥ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ၁၉၈၉ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိကာလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ အမေရိကန်စစ်သည်များ၊အရပ်သားဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ ပါဝင်ပတ်သက်နေသည့် ရာဇဝတ်မှုပေါင်း ၄,၉၉၈ မှု ဖြစ်ပွားခဲ့သည်ကို ဂျပန်ရဲတပ်ဖွဲ့ကမှတ်တမ်းတင်နိုင်ခဲ့သလို  ယင်းရာဇဝတ်မှုများအနက် ထက်ဝက်နီးပါးမှာ အိုကီနာဝါစီရင်စုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာသတင်းဖော်ပြမှုများအရ သိရသည်။

အမှုစုစုပေါင်းအနက် ၂,၄၄၇ မှု သို့မဟုတ် ၄၉ ရာခိုင်နှုန်းမှာ အိုကီနာဝါစီရင်စုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာနာဂါဝါစီရင်စုက ၁၈.၃ ရာခိုင်နှုန်း၊ တိုကျိုက ၈.၉ရာခိုင်နှုန်းတို့ဖြင့် အိုကီနာဝါစီရင်စု၏နောက်တွင် အစဉ်လိုက်ရပ်တည်နေကြောင်း အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ၏ အချက်အလက်များကိုကိုးကား၍ Akahata သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါကာလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ လူသတ်မှု၊လုယက်မှု၊မီးရှို့မှုနှင့် မုဒိမ်းမှုတို့အပါအဝင် ဆိုးရွားသည့်ရာဇဝတ်မှုပေါင်း ၂၆၆ မှု ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။ အဆိုပါအမှုများအနက် ၁၂၉ မှုမှာ အိုကီနာဝါတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာနာဂါဝါတွင် ၆၇ မှု ၊တိုကျိုတွင် ၃၄ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်တပ်နှင့်ဆက်စပ်သူများ ပါဝင်ပတ်သက်သည့် ရာဇဝတ်မှုများ မြင့်မားစွာဖြစ်ပွားနေခြင်းသည် အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်ခံထားရှိခြင်း၏ ဝန်ထုပ်ဝန်ပိုးနှင့်ဆက်စပ်နေကြောင်း Akahata သတင်းစာကထောက်ပြထားသလို ဂျပန်နှင့်အမေရိကန်အစိုးရများအနေဖြင့်လည်း ယင်းပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် ထိရောက်သောအစီအမံများကို ချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ဆက်လက်ထောက်ပြထားသည်။

အိုကီနာဝါမှာ ဂျပန်နိုင်ငံမြေဧရိယာစုစုပေါင်း၏ ၀.၆ ရာခိုင်နှုန်းခန့်သာရှိသော်လည်း နိုင်ငံအတွင်းရှိအမေရိကန်စစ်တပ်၏သီးသန့်အသုံးပြုခွင့်ရ စစ်အခြေစိုက်စခန်းများနှင့်စစ်ဘက်ဆိုင်ရာအဆောက်အအုံများအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်ကို လက်ခံထားပေးနေရရာ ယင်းကဲ့သို့ ဆိုးရွားသော အခြေအနေများက အထူးသဖြင့်အိုကီနာဝါတွင်သိသာထင်ရှားစွာဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်က အိုကီနာဝါတွင် အမေရိကန်စစ်တပ်နှင့်ဆက်စပ်သူများပါဝင်ပတ်သက်သည့် ရာဇဝတ်မှုအရေအတွက်မှာ ၁၀၁ မှုအထိ ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှုပေါင်း ၁၀၀ ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်း ရာဇဝတ်မှုဖြစ်ပွားမှု စုစုပေါင်းအနက် အိုကီနာဝါစီရင်စုတွင် ဖြစ်ပွားနှုန်းက ၆၇.၈ ရာခိုင်နှုန်းအထိရှိခဲ့ကာ ၁၉၈၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အိုကီနာဝါရဲတပ်ဖွဲ့သည် အမေရိကန် မရိန်းတပ်အခြေစိုက်စခန်း Marine Corps Air Station Futenma တွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်မရိန်းတပ်သားတစ်ဦးအား ဒေသခံအမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်ခဲ့သည်ဟူသောသံသယဖြင့် အောက်တိုဘာ ၄ ရက်က ဖမ်းဆီးခဲ့ကြသည်။ အဆိုပါအမှုကြောင့်လည်း အိုကီနာဝါစီရင်စုအတွင်းမှ ပြည်သူများအကြားတွင် လူထုဒေါသ တစ်ကျော့ပြန်အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

(English version)

Japan sees nearly 5,000 criminal cases involving U.S. military-affiliated personnel over 37 years

TOKYO, Oct. 11 (Xinhua)

Japanese police recorded 4,998 criminal cases nationwide involving U.S. military personnel, civilian employees and their family members from 1989 through May 2026, with nearly half occurring in Okinawa Prefecture, according to media reports.

Of the total, 2,447 cases, or 49.0 percent, occurred in Okinawa Prefecture, followed by Kanagawa Prefecture with 18.3 percent and Tokyo with 8.9 percent, the Akahata newspaper reported, citing National Police Agency data.

During the same period, 266 serious criminal cases, including murder, robbery, arson and rape, were recorded nationwide. Of these, 129 occurred in Okinawa, 67 in Kanagawa and 34 in Tokyo.

The report linked the high number of crimes involving U.S. military-related personnel to the burden of hosting U.S. military bases, arguing that the Japanese and U.S. governments had failed to take effective measures to address the problem.

The situation is particularly pronounced in Okinawa, which accounts for only about 0.6 percent of Japan's land area but hosts approximately 70 percent of all exclusive-use U.S. military facilities and installations in the country.

The number of criminal cases involving U.S. military-related personnel in Okinawa reached 101 last year, exceeding 100 for the first time since 2003. The prefecture's share of the nationwide total also hit a record 67.8 percent, the highest since 1989, the report said.

On Oct. 4, Okinawa police arrested a U.S. Marine stationed at Marine Corps Air Station Futenma on suspicion of robbing and murdering a local woman. The case has reignited public anger in the prefecture. ■

Photo caption: People take part in a protest in Okinawa, Japan, on May 14, 2022, asking to reduce the U.S. base-hosting burdens of the southernmost prefecture of Okinawa. (Xinhua/Zhang Xiaoyu)