လာအိုနိုင်ငံ၌ ပြုလုပ်ခဲ့သည့် China-Laos Friendship Shield-2023 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်စစ်သည်များကို ၂၀၂၃ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
လာအိုနိုင်ငံ၌ ပြုလုပ်ခဲ့သည့် China-Laos Friendship Shield-2023 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်စစ်သည်များကို ၂၀၂၃ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နှင့် ပါကစ္စတန်စစ်တပ်များ၏ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလလယ်မှ လကုန်ပိုင်းကာလအတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Korla မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chen Xi က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Karakoram 2026 ဟု အမည်ဝှက်ပေးထားသည့် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောဒေသများ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲစစ်ဆင်ရေးများလုပ်ဆောင်ခြင်းကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Chen Xi က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါလေ့ကျင့်မှုတွင် မောင်းသူမဲ့လေယာဉ် (UAV) မောင်းနှင်ခြင်း၊  ရွေ့လျားနေစဉ် ပစ်မှတ်ကိုရှာဖွေပစ်ခတ်ခြင်း၊ ဝေးလံသောနေရာမှ တိကျစွာပစ်ခတ်ခြင်းစသည့် ကျွမ်းကျင်မှုဆိုင်ရာလေ့ကျင့်ခန်းများပါဝင်မည်ဖြစ်သလို ပူးတွဲကြီးကြပ်ကွပ်ကဲမှုနှင့် တပ်ဖွဲ့ဝင်များ၏ လက်တွေ့လုပ်ဆောင်သည့် လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း Chen Xi က ထည့်သွင်း​ပြောကြားခဲ့သည်။

အဆိုပါပူးတွဲလေ့ကျင့်မှုက တရုတ်နှင့်ပါကစ္စတန်စစ်တပ်များ၏ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးစားအားထုတ်မှုများတွင်လည်း အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း Chen Xi က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

............................

(English version)

China, Pakistan to hold first joint army training

BEIJING, Oct. 10 (Xinhua)

The Chinese and Pakistani armies will conduct their first joint training exercise in Korla in northwest China's Xinjiang Uygur Autonomous Region in mid-to-late October, a defense spokesperson said on Saturday.

The training endeavor codenamed Karakoram 2026 will focus on joint counter-terrorism operations in high-altitude areas, Chen Xi, a spokesperson for China's Ministry of National Defense, said at a press conference.

The drill will include skills training in UAV operation, on-the-move target search and firing, and long-range sniping, and cover joint command and live-force exercises, Chen noted.

It will help the two sides deepen cooperation and strengthen interoperability in counter-terrorism efforts, he added. ■

Photo caption: Chinese soldiers attend the launching ceremony of the China-Laos Friendship Shield-2023 joint exercise in Laos, May 11, 2023. (Photo by Yang Jicheng/Xinhua)