
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် ခရီးရှည်ချီတက်မှုအောင်ပွဲ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်လည်းဖြစ်သည်။ ၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ ကြာမြင့်ခဲ့သော ခက်ခဲကြမ်းတမ်းသည့် ထိုခရီးရှည်ကြီးသည် တရုတ်တော်လှန်ရေး၏ အပြီးသတ်အောင်ပွဲအတွက် အခြေခံအုတ်မြစ်ချရာတွင် အဓိကကျခဲ့သည်။
ရာစုနှစ်တစ်ခုနီးပါးအကြာတွင် ခရီးရှည်ချီတက်ပွဲသည် တရုတ်နိုင်ငံ၏ သမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပြန်ပြောင်းကြည့်ရှုနိုင်သည့် အရေးပါသော ပြတင်းတံခါးတစ်ချပ်အဖြစ် ရှိနေဆဲဖြစ်သည်။ "ခရီးရှည်ချီတက်ပွဲဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းကြောင်း တစ်လျှောက်လုံးမှာ လူ့ခန္ဓာကိုယ်ရဲ့ ပင်မကျောရိုးနဲ့ အလားသဏ္ဌာန်တူပြီး အလွန်အရေးပါပါတယ်" ဟု ဩစတြေးလျ စာအုပ်ထုတ်ဝေသူနှင့် ရုပ်ရှင်ထုတ်လုပ်သူ ဟာရိုးလ် ဝယ်လ်ဒန်က ပြောသည်။
တရုတ်နိုင်ငံအရေး စောင့်ကြည့်လေ့လာသူများအတွက် ဤကဲ့သို့ အဓိကကျသော အခန်းကဏ္ဍကို သိရှိနားလည်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်းဆိုင်ရာ အယူအဆများနှင့် ရေရှည်တည်တံ့သော သမိုင်းပေးတာဝန်များအပြင် တရုတ်လူမျိုးတို့၏ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော စိတ်ဓာတ်ကို နားလည်ရန်လည်း မရှိမဖြစ်လိုအပ်ပေသည်။
ကြီးမားသော အလှည့်အပြောင်း
ခရီးရှည်ချီတက်မှု အောင်ပွဲသည် CPC နှင့် တရုတ်တော်လှန်ရေးအတွက် ကြီးမားသော အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေး သမိုင်းဝင်ဖြစ်စဉ်၌ အလွန်ခမ်းနားထည်ဝါလှသည့် သမိုင်းမှတ်တိုင်ကြီးအဖြစ် တည်ရှိနေသည်။
အဆိုပါ သမိုင်းမော်ကွန်းဝင် စစ်ရေးချီတက်ပွဲအတွင်း CPC ဦးဆောင်သည့် တပ်နီတော်သည် ကူမင်တန်တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။ တပ်နီတော်ရဲဘော်များက အလွန်ရေစီးသန်သောမြစ်များ၊ ဆီးနှင်းဖုံးလွှမ်းနေသော တောင်တန်းများနှင့် အန္တရာယ်ကြီးသော မြက်ခင်းလွင်ပြင်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပြီး အချို့မှာ ခရီးအကွာအဝေးအားဖြင့် ကီလိုမီတာ ၁၂,၅၀၀ အထိ ချီတက်ခဲ့ကြရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261010/af6ebb9de0534229bda6d917fc42d061/c.html


..................................
(English Version)
Xinhua Headlines: 90 years on, Long March spirit endures in China, resonates beyond borders
BEIJING, Oct. 10 (Xinhua) -- This year marks the 105th founding anniversary of the Communist Party of China (CPC) and the 90th anniversary of the victory of the Long March. The arduous journey, which lasted from 1934 to 1936, helped lay the foundation for the eventual victory of the Chinese revolution.
Nearly a century later, the Long March remains an important window into China's history and development. "The Long March is like a spine of your body that goes right through the modern history of China," said Harold Weldon, an Australian publisher and filmmaker.
For China watchers, understanding this pivotal chapter is essential to understanding the CPC's founding ideals and enduring mission, as well as the resilient spirit of the Chinese nation.
GREAT TURNING POINT
The victory of the Long March marked a great turning point for the CPC and the Chinese revolution, and stands as a towering monument in the historic process of the rejuvenation of the Chinese nation.
During the epic military trek, the CPC-led Red Army broke through encirclement by Kuomintang forces. Red Army soldiers braved raging rivers, snow-covered mountains and treacherous grasslands, with some marching as far as 12,500 kilometers.
https://english.news.cn/20261010/af6ebb9de0534229bda6d917fc42d061/c.html
Photo caption 1: An aerial drone photo taken on June 2, 2026 shows a "horn of victory" themed installation at Jiajin Mountain in Baoxing County of Ya'an City, southwest China's Sichuan Province. (Xinhua/Wang Xi)
Photo caption 2: Tourists visit the historical site of the Zunyi Meeting in Zunyi City, southwest China's Guizhou Province, Oct. 1, 2026. (Photo by Tian Jinhong/Xinhua)








