ပနားမားနိုင်ငံ၊ Cocle ပြည်နယ်အလယ်ပိုင်းရှိ Penonome မြို့တွင် ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ခုမှခေါင်းလောင်းပြိုကျသွားမှုကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ပနားမားနိုင်ငံ၊ Cocle ပြည်နယ်အလယ်ပိုင်းရှိ Penonome မြို့တွင် ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ခုမှခေါင်းလောင်းပြိုကျသွားမှုကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ပနားမားနိုင်ငံတွင် ပြင်းအားပမာဏ ၇.၆ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိခိုက်ခံစားခဲ့ရသည့်ဒေသရှိ ပနားမားအစိုးရနှင့် ပြည်သူများအား တရုတ်နိုင်ငံက ဝမ်းနည်းနှစ်သိမ့်ကြောင်း ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ငလျင်ကြောင့် တရုတ်နိုင်ငံသားများ၏ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှုသတင်းတစ်စုံတစ်ရာမရှိသေးကြောင်းလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပနားမားနိုင်ငံဆိုင်ရာတရုတ်သံရုံးတို့က အခြေအနေကိုအနီးကပ်ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး အကူအညီလိုအပ်နေသည့် တရုတ်နိုင်ငံသားများအား လိုအပ်သောအကူအညီများကို ချက်ချင်းမဆိုင်းမတွ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သလို ပနားမားနိုင်ငံရှိတရုတ်နိုင်ငံသားများအနေဖြင့်လည်း ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအန္တရာယ်များကို ကြိုတင်သတိပြု ကာကွယ်မှုများ ပြုလုပ်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

(English version)

China expresses sympathies to Panama over 7.6-magnitude earthquake

BEIJING, Oct. 10 (Xinhua)

China expresses sympathies to the Panamanian government and people in the affected region, a Chinese foreign ministry spokesperson said on Saturday after a 7.6-magnitude earthquake struck Panama.

As of now, there is no report of casualties involving Chinese nationals in the earthquake, the spokesperson confirmed.

The Ministry of Foreign Affairs and the Chinese Embassy in Panama will continue to closely monitor the situation and promptly provide necessary assistance to Chinese nationals in need, the spokesperson said, reminding Chinese nationals in Panama to take precautions against secondary hazards caused by the earthquake. ■

Photo caption: This photo taken on Oct. 9, 2026 shows a bell tower of a church collapsed after a strong earthquake in Penonome, central Cocle Province of Panama.(Photo by Daniel Gonzalez/Xinhua)