
ထိုက်ယွမ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ရိနှင့် ပြင်သစ်သမ္မတ၏ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ် Emmanuel Bonne တို့က ၂၈ ကြိမ်မြောက် တရုတ်-ပြင်သစ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် တာ့ထုန်မြို့တွင် အောက်တိုဘာ ၁၁ ရက်၌ ပြုလုပ်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲဖြစ်သူ ဝမ်ရိနှင့် Emmanuel Bonne တို့အနေဖြင့် တရုတ်-ပြင်သစ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်နှင့် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များစွာ ရရှိခဲ့ကြသည်။ ထို့ပြင် ၎င်းတို့က တရုတ်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးယန္တရားမှတစ်ဆင့် ရရှိခဲ့သော တိုးတက်မှုများကိုလည်း အပြုသဘောဆောင်စွာ ပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
China, France hold 28th strategic dialogue
TAIYUAN, Oct. 10 (Xinhua) -- China's top diplomat Wang Yi held the 28th China-France Strategic Dialogue with French President's Diplomatic Adviser Emmanuel Bonne in Datong, north China's Shanxi Province, on Saturday.
Wang, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Central Commission for Foreign Affairs, had lengthy and in-depth discussions with Bonne on deepening China-France strategic cooperation and reached broad consensus. They also spoke positively of the progress made through the China-EU trade and investment consultation mechanism. ■
Photo caption 1, 2: Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, co-chairs the 27th China-France Strategic Dialogue with Emmanuel Bonne, diplomatic adviser to the French President, in Hangzhou, east China's Zhejiang Province, Oct. 15, 2025. (Xinhua/Dai Tianfang)








