အိုမန်နိုင်ငံမြောက်ပိုင်း Khasab မြို့အနီး၊ ဟော်မုဇ်ရေလက်ကြားရေပြင်တွင် ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်က သောင်တင်နေသော ကုန်တင်သင်္ဘောများကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဆင်ဟွာ)
အိုမန်နိုင်ငံမြောက်ပိုင်း Khasab မြို့အနီး၊ ဟော်မုဇ်ရေလက်ကြားရေပြင်တွင် ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်က သောင်တင်နေသော ကုန်တင်သင်္ဘောများကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အိုမန်ပင်လယ်ကွေ့အတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များက စီးပွားဖြစ်ကုန်တင်သင်္ဘောတစ်စင်းကို အောက်တိုဘာ ၁၀ ရက်က တိုက်ခိုက်ခဲ့ပြီး မောင်းနှင်သွားလာ၍မရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က လူမှုကွန်ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

CENTCOM ၏ထုတ်ပြန်ချက်တွင် ပနားမားနိုင်ငံအလံလွှင့်တင်ထားသော M/V Ocean Molica သင်္ဘော၏ပဲ့ပိုင်းကို အမေရိကန်ဂျက်တိုက်လေယာဉ်တစ်စင်းက တိကျမှုမြင့်မားသည့်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် သင်္ဘောသားများကို ထိခိုက်ဒဏ်ရာရမှုမရှိစေဘဲ သင်္ဘော၏ရှေ့သို့တွန်းကန်အားစနစ်ကို ပျက်စီးစေကာ မောင်းနှင်သွားလာ၍မရအောင် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

CENTCOM ၏ ထုတ်ပြန်မှုအရ အဆိုပါသင်္ဘောမှာ အီရန်နိုင်ငံရှိဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသတွင်းရေပြင်ကို ဖြတ်သန်းမောင်းနှင်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါသင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ ထပ်ခါတလဲလဲပေးပို့ခဲ့​သော သတိပေးချက်များကို လျစ်လျူရှုခဲ့ကြသလို အီရန်နိုင်ငံအပေါ် အမေရိကန်ရေတပ်က ချမှတ်ထားသော ပိတ်ဆို့မှုစည်းကို ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်ဟုလည်း ယင်းဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

(English version)

U.S. forces disable cargo vessel in Gulf of Oman

WASHINGTON, Oct. 10 (Xinhua)

U.S. forces struck and disabled a commercial cargo vessel in the Gulf of Oman on Saturday, the U.S. Central Command (CENTCOM) said on social media.

A U.S. military fighter jet struck the stern of the Panama-flagged M/V Ocean Molica with a precision munition, disabling the vessel's propulsion system without harming its crew, CENTCOM said in a statement.

According to CENTCOM, the vessel had departed an Iranian port and was attempting to transit regional waters. The command said the ship's crew had ignored repeated warnings and attempted to breach the U.S. naval blockade against Iran. ■

Photo caption: This photo taken with a mobile phone shows merchant vessels stranded in the waters of the Strait of Hormuz, near Khasab, a small town in northern Oman, May 29, 2026. (Xinhua/Wen Xinnian)