ဆော်ဒီအာရေဗျနိုင်ငံ ဂျဒတ်မြို့ရှိ King Abdulaziz အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မကြာမီ ပေကျင်းမြို့သို့ ပျံသန်းထွက်ခွာတော့မည့် ခရီးသည်တင်လေယာဉ်တစ်စင်းကို ၂၀၂၃ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ဂျဒတ်မြို့ရှိ King Abdulaziz အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မကြာမီ ပေကျင်းမြို့သို့ ပျံသန်းထွက်ခွာတော့မည့် ခရီးသည်တင်လေယာဉ်တစ်စင်းကို ၂၀၂၃ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် မြို့တော် ရီယတ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပစ်မှတ်ထားသော တိုက်ခိုက်မှုအတွင်း ပါကစ္စတန် နိုင်ငံသားတစ်ဦး သေဆုံး၍ အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာ၌ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း၊ ယခုအကြိမ် တိုက်ခိုက်မှုကြောင့် ပိုင်ဆိုင်မှုပစ္စည်း ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်စေခဲ့ရာ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ဆဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ကလည်း King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အောက်တိုဘာ ၁၀ ရက်တွင် တိုက်ခိုက်ခံရပြီးနောက် ၁၁ ရက်တွင် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု အစောပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ ကြေညာချက်အရ အောက်တိုဘာ ၁၀ ရက်တွင် အဆိုပါလေဆိပ်အား ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း လူ ၁၂ ဦး သေဆုံး၍ ၃၀၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညွန့်ပေါင်းတပ်ဖွဲ့၊ ဆော်ဒီအာရေဗျနိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့နှင့် ဟူသီလက်နက်ကိုင်အဖွဲ့ စသည့်ဘက်များ၏ အောက်တိုဘာ ၁၁ ရက် သတင်းအရ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ နယ်နိမိတ်အတွင်းရှိ လေဆိပ်နှင့် စွမ်းအင်အဆောက်အဦများအား အကြိမ်များစွာ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအနက် King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အရှေ့ပိုင်းပြည်နယ် ဒန်မမ်မြို့ရှိ King Fahd အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သည် နှစ်ကြိမ်စီ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

沙特民航总局:利雅得国际机场遭袭致1死11伤

新华社利雅得10月12日电 沙特阿拉伯民航总局12日凌晨在社交媒体发布声明说,在11日针对首都利雅得哈立德国王国际机场的袭击中,一名巴基斯坦公民死亡,另有11人受伤。  

声明说,伤者已被送医救治,此次袭击还造成财产损失,相关调查仍在进行中。  

沙特主导的多国联军稍早时证实,哈立德国王国际机场10日被袭击后,11日再度遭袭。据沙特民航总局声明,10日针对该机场的袭击造成12人死亡、309人受伤。  

据多国联军、沙特民航总局和胡塞武装等方面11日消息,10日至11日,胡塞武装对沙特境内机场和能源设施实施多次军事行动。其中,哈立德国王国际机场、东部省达曼市的法赫德国王国际机场均两度遭袭。(完)

图说:这是2023年8月4日在沙特阿拉伯吉达的阿卜杜勒-阿齐兹国王国际机场拍摄的即将飞往北京的一架客机。新华社记者王海洲摄