ပြည်ပသို့ တင်ပို့မည့် ဆန်နှင့် ဆန်ကွဲများအား တွေ့ရစဥ်(ဓာတ်ပုံ-Myanmar Digital News)
ပြည်ပသို့ တင်ပို့မည့် ဆန်နှင့် ဆန်ကွဲများအား တွေ့ရစဥ်(ဓာတ်ပုံ-Myanmar Digital News)

နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၈ ခုနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ပသို့ နှစ်စဥ် ဆန်တင်ပို့မှုကို တန်ချိန် ၄ သန်းကနေ ၅ သန်းထိ တိုးမြှင့်ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း၊ အဆိုပါ ဆန်တန်ချိန် ၅ သန်းပို့နိုင်ရေး ရည်မှန်းချက်ပြည့်မီရန် ပြည်ပပို့ကုန် ဆန်စပါး စိုက်ပျိုရေးဇုန် ဧက ၅ သန်း ဖော်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

နှစ်စဥ်တိုးတက်မှုနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုပေါ်မူတည်ပြီး ဆန်စပါး စိုက်ပျိုးရေးဇုန်များအား တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားပြီး သြဂုတ်လကုန်ထိ ဆန် တန်ချိန် ၈၄၀,၀၀၀ ကျော်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၂၉၁ သန်း ရရှိထားကြောင်း သိရသည်။ (Xinhua)