ဟူသီလက်နက်ကိုင်အဖွဲ့က အမည်မဖော်ပြထားသည့် နေရာတစ်ခုမှ မောင်းသူမဲ့လေယာဉ် လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)
ဟူသီလက်နက်ကိုင်အဖွဲ့က အမည်မဖော်ပြထားသည့် နေရာတစ်ခုမှ မောင်းသူမဲ့လေယာဉ် လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)

ကူဝိတ်စီးတီး၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံရှိ ပြည်နယ် ၆ ခုကို လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု ၁၅၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ ၇ ရက်တွင် ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Saree က လူမှုမီဒီယာပလက်ဖောင်းပေါ်၌ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ဆော်ဒီ၏ တိုက်ခိုက်မှုများသည် မြို့တော် ဆန်နားအပြင် Taiz ၊ Saada ၊ Al Jawf ၊ Marib နှင့် Amran ပြည်နယ်များကို ပစ်မှတ်ထားခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ ဆော်ဒီနိုင်ငံ Khamis Mushaitနှင့် Taif လေတပ်စခန်းများမှ ပျံတက်လာသည့် F-15 နှင့် “Typhoon” တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒုံးကျည်များကို ဆော်ဒီနိုင်ငံ အနောက်တောင်ပိုင်းရှိ Najran နှင့် Jazan ဘက်မှ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နောက်ဆုံးတိုက်ခိုက်မှုများကြောင့် လက်ရှိတင်းမာမှုများ စတင်ဖြစ်ပွားချိန်မှစ၍ ဆော်ဒီအာရေဗျက ပြုလုပ်ခဲ့သည့် လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု စုစုပေါင်းမှာ ၁,၇၉၈ ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့သည် Al Jawf နှင့် Lahij ပြည်နယ်ရှိ ယီမင်အစိုးရတပ်ဖွဲ့များစုဝေးရာနေရာများကို ပဲ့ထိန်းဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်းလည်း Saree က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် တပ်မှူးများအပါအဝင် အစိုးရတပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ပြီး စစ်ဘက်သုံးယာဉ်အများအပြားလည်း ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယီမင်အစိုးရတပ်ဖွဲ့ဘက်က ယင်းကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

တူရကီနှင့် ပါကစ္စတန်တို့အနေဖြင့် ဆော်ဒီအာရေဗျနှင့်အတူ ယီမင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်ခြင်းမပြုရန် ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Abd al-Malik Houthi က ယင်းနေ့တွင် တိုက်တွန်းခဲ့သည်။ ၎င်းက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားရာတွင် ဆော်ဒီအာရေဗျနှင့် ဆွေးနွေးမှုများမှာ အကျပ်အတည်းဖြင့် ရပ်တန့်နေပြီး “ဆွေးနွေးမှုဖြစ်စေ၊ အခြားကြိုးပမ်းမှုဖြစ်စေ ထိရောက်မှု မရှိခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် မကြာသေးမီက ယီမင်အစိုးရတပ်ဖွဲ့များကို ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ယီမင်အစိုးရကို ထောက်ခံသည့် ဆော်ဒီအာရေဗျနိုင်ငံကိုလည်း မကြာခဏ တိုက်ခိုက်ခဲ့သည်။ ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် ပါကစ္စတန်တို့သည် အောက်တိုဘာ ၅ ရက်တွင် “မက္ကာကာကွယ်ရေးညွန့်ပေါင်းအဖွဲ့” ၏ မဟာဗျူဟာနိုင်ငံရေးနှင့် ကာကွယ်ရေးကော်မတီ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပြီး ဆော်ဒီအာရေဗျ ရင်ဆိုင်နေရသည့် လုံခြုံရေးအခြေအနေ ပြောင်းလဲမှုများနှင့် ခြိမ်းခြောက်မှုများကို ဆွေးနွေးခဲ့ကာ ဆော်ဒီအာရေဗျနိုင်ငံအတွင်း စစ်တပ်များကို ချက်ချင်း ဖြန့်ကြက်ချထားရန် သဘောတူခဲ့ကြသည်။ (Xinhua)

-------------------------

(Chinese Version)

也门胡塞武装称沙特24小时发动156次袭击

新华社科威特城10月7日电(记者尹炣)萨那消息:也门胡塞武装军事发言人叶海亚·萨雷亚7日在社交媒体平台发表声明说,过去24小时内,沙特阿拉伯对也门6个省份发动了156次空袭和导弹袭击。

声明说,沙特的袭击针对首都萨那以及塔伊兹、萨达、焦夫、马里卜、阿姆兰等省。从沙特海米斯穆谢特和塔伊夫空军基地起飞的F-15和“台风”战斗机实施了空袭,导弹则从沙特西南部奈季兰和贾赞方向发射。

声明称,最新袭击使本轮局势升级以来沙特实施的空袭和导弹袭击总数达到1798次。

萨雷亚在声明中还说,胡塞武装在过去24小时内使用弹道导弹和无人机袭击了也门政府军在焦夫省和拉赫季省的集结地,造成政府军包括指挥官在内数十人死伤,并摧毁多辆军车。

也门政府军方面对此暂未回应。

胡塞武装领导人阿卜杜勒·马利克·胡塞当天呼吁土耳其和巴基斯坦不要与沙特一道卷入也门冲突。他在电视台发表讲话说,与沙特的谈判已经陷入僵局,“无论是谈判还是其他努力都没有奏效”。

胡塞武装近期向也门政府军发动攻势,并频繁袭击支持也门政府的沙特。沙特、土耳其和巴基斯坦本月5日召开“麦加防务联盟”战略政治与防务委员会紧急会议,商讨沙特面临的安全形势变化与威胁,同意立即在沙特部署军事力量。

图说 :这张胡塞媒体中心8月9日提供的照片显示的是,胡塞武装在一未知地点发射无人机。新华社发(胡塞媒体中心供图)