
ဟားအယ်ပင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၈ ရက်တွင် စတင်ပြေးဆွဲလည်ပတ်ခဲ့သည့် တရုတ်နိုင်ငံ၏ လတ္တီကျုအမြင့်ဆုံး မြန်နှုန်းမြင့်ရထားလမ်း ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားလမ်းတွင် ပထမဆုံး တရုတ်အမျိုးသားနေ့ အားလပ်ရက်အချိန်ကို ဖြတ်သန်းနေရသည်။
China Railway Harbin Group Co., Ltd. ၏ စာရင်းကောက်ယူမှုအရ အောက်တိုဘာ ၃ ရက်အထိ ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားလမ်းသည် စုစုပေါင်း ခရီးသည်အကြိမ်ရေ ၁၀၀,၀၀၀ အား ပို့ဆောင်ပေးခဲ့ပြီး ၎င်းအနက် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ခရီးသည်အကြိမ်ရေ ၆၀,၀၀၀ ကျော် ပို့ဆောင်ခဲ့သည်။
ဒေသတွင်း ရထားလမ်း စသည့်ဌာနများက ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားလမ်းနှင့် စပ်လျဉ်း၍ ခရီးသွားလာမှု ဝန်ဆောင်မှုများအား ဘက်ပေါင်းစုံမှ မြှင့်တင်ပေးခဲ့သည်။ ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့် ရထားတွဲ ရထားဝန်ထမ်းလုပ်ငန်း ဆောင်ရွက်သည့် ဟားအယ်ပင်း ခရီးသည်ပို့ဆောင်ရေးလမ်းပိုင်းက “လျင်ကျီးရှင်း” အမှတ်တံဆိပ် အုပ်စု ဖွဲ့စည်း၍ ခရီးသွားများအတွက် ခရီးလမ်းတစ်လျှောက် ယဉ်ကျေးမှု ခရီးသွားလာမှုဆိုင်ရာ ရှင်းလင်းပြောကြားမှု စသည့် ထူးခြားချက်ရှိသော ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)
---------------------
(Chinese Version)
我国最北高铁迎来国庆黄金周
新华社照片,哈尔滨,2026年10月4日
9月28日正式通车运营的我国纬度最高的高速铁路——哈尔滨至伊春高速铁路,迎来首个国庆假期。据中国铁路哈尔滨局集团有限公司统计,截至10月3日,哈伊高铁累计运送旅客超10万人次;其中10月1日至3日运送旅客超6万人次。当地铁路等部门围绕哈伊高铁,多方面提升旅游服务。担当哈伊高铁列车乘务工作的哈尔滨客运段打造“林之馨”品牌班组,为旅客提供沿途文旅讲解等特色服务。
图说1:这是10月4日在黑龙江省伊春市拍摄的哈伊高铁动车组列车(无人机照片)。 新华社发(李佳星摄)
图说2:10月4日,旅客在伊春西站站台上与哈伊高铁动车组列车合影。新华社发(徐率摄)








