
နယူးယောက်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ပိုမိုတည်ငြိမ်သော အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေးဆိုသည်ထက် များစွာကျော်လွန်၍ သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်နိုင်ငံစလုံးသည် ကမ္ဘာ့စီးပွားရေးနှင့် နက်ရှိုင်းစွာ ချိတ်ဆက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တို့တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၏ အထင်ကရ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေးနှင့် အမေရိကန် ပြန်လည်ကြီးမြတ်လာစေရေးတို့ကို အတူလက်တွဲဖော်ဆောင်နိုင်ပြီး အပြန်အလှန် ဖြည့်စွက်ပံ့ပိုးပေးနိုင်ကာ ကမ္ဘာကြီးကိုလည်း အကျိုးပြုနိုင်မည်ဟု ပြောကြားခဲ့ကြောင်း ဒုခ်တက္ကသိုလ် ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံရေးရာ အကြီးတန်းအကြံပေးဟောင်း ဒန်းနစ် ဆီမွန်က ဆင်ဟွာသတင်းဌာနသို့ စာဖြင့်ဖြေကြားခဲ့သော အင်တာဗျူးတစ်ခု၌ ထောက်ပြပြောဆိုခဲ့သည်။
"အဲဒီအချက်ဟာ ဆက်ဆံရေးကို အနိုင်အရှုံး အားပြိုင်မှုတစ်ခုအနေနဲ့ ရှုမြင်တာထက် အပြန်အလှန် အမျိုးသားအကျိုးစီးပွားအရ မူဘောင်သတ်မှတ်ဖို့ ကြိုးပမ်းချက်တစ်ခုလို့ပဲ မြင်မိပါတယ်။ တရုတ်နိုင်ငံရော အမေရိကန်နိုင်ငံပါ သူတို့ရဲ့ နိုင်ငံလုံးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ ပြည်တွင်းဦးစားပေးလုပ်ငန်းစဉ်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အဲဒီရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် တစ်ဖက်နိုင်ငံ ကျရှုံးသွားဖို့ မဖြစ်မနေ လိုအပ်နေတာမျိုးတော့ မဟုတ်ပါဘူး" ဟု ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ Duke Kunshan တက္ကသိုလ် အမှုဆောင် ဒုတိယအဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆီမွန်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261002/fb9151f600e341849d1e5243f95cd235/c.html
…………………………
(English Version)
A more stable U.S.-China relationship matters for the world, says U.S. expert
NEW YORK, Oct. 2 (Xinhua) -- A more stable U.S.-China relationship has effects well beyond the bilateral relationship because the two countries are deeply connected to the global economy and play major roles in international institutions and global governance, a renowned U.S. expert on China affairs has said.
In a written interview with Xinhua, Denis Simon, former senior adviser for China affairs to the president of Duke University, noted that Chinese President Xi Jinping said during the recent state visit to the United States that the great rejuvenation of the Chinese nation and making America great again can go hand in hand, complement each other and benefit the world.
"I read this as an attempt to frame the relationship in terms of mutual national interests rather than as a zero-sum contest. Both China and the United States have their own national ambitions and domestic priorities, but those objectives do not necessarily require the other country to fail," said Simon, who also served as executive vice chancellor of Duke Kunshan University in 2015-2020.
https://english.news.cn/20261002/fb9151f600e341849d1e5243f95cd235/c.html
Photo caption: U.S. President Donald Trump holds a welcome ceremony for Chinese President Xi Jinping, who is on a state visit to the United States, at the White House in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Yin Bogu)








