ဆန်းကျန့် ၊အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးလုပ်ငန်း အနာဂတ်မှာ ဤသို့ဖြစ်နိုင်ပါသလား။

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ စမတ်စက်ရုံသစ်တစ်ရုံက တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှ မော်တော်ယာဉ်များကဲ့သို့ပင် အသင့်ထုတ်လုပ်ပြီး အစိတ်အပိုင်းများဖြင့် မော်ဂျူလာနေအိမ်များကို ဆောက်လုပ်လျက်ရှိသည်။

အဆောက်အအုံတစ်လုံး၏ ၇၀ ရာခိုင်နှုန်းကျော်ကို စက်ရုပ် ၈၀ ကျော်နှင့် စမတ်စက်ယန္တရားများဖြင့် စက်ရုံထဲမှာပင် ပြီးစီးအောင် တည်ဆောက်နိုင်ကာ တပ်ဆင်ထုတ်လုပ်ရေးလိုင်းက မိနစ် ၂၀ ကြာတိုင်း အပြည့်အစုံ တပ်ဆင်ပြီးသော မော်ဂျူးတစ်ခုကို ထုတ်လုပ်ပေးလျက်ရှိသည်။

ထို့နောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တပ်ဆင်ရန် အဆိုပါမော်ဂျူးများကို ပို့ဆောင်ပေးကာ ဆောက်လုပ်ရေးကာလကို ၆၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးနိုင်သည်။ (Xinhua)

#Shenzhen #SmartFactory #ModularBuildings #ဆန်းကျန့် #စမတ်စက်ရုံ #မော်ဂျူလာအဆောက်အအုံများ

..................................

(English Version)

Shenzhen smart factory produces modular building units every 20 minutes

Could this be the future of construction?

In Shenzhen, a new smart factory is building modular homes much like cars on an assembly line.

With 80+ robots and smart machines, more than 70% of a building can be completed inside the factory -- with a fully equipped module rolling off the production line every 20 minutes.

The modules are then shipped out for on-site assembly, cutting construction time by over 60%.

#China #Shenzhen #SmartConstruction #Technology #Innovation