လုန်ချွမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တက်ဟုန်းပြည်နယ်ခွဲ ၂၀၂၆ "တိုင်းရင်းသားပေါင်းစုံ အတူဆင်နွှဲပျော်ကခုန်ခြင်း" နှင့် လုံချွမ်းခရိုင် "မနောပွဲတော်" အခမ်းအနားကြီးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် အောက်တိုဘာ ၂ ရက်က စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့သည်။

မနောပွဲတော်ကို ၂၀၀၆ ခုနှစ်တွင် ပထမအသုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

အခမ်းအနား ကျင်းပရာနေရာတွင် မြူးကြွသည့် အိုးစည်ဗုံမောင်းသံများကြားတွင် တိုင်းရင်းသားဝတ်စုံ ခန့်ညားစွာ ဝတ်ဆင်ထားသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများက အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ခရီးသွားဧည့်သည်များနှင့်အတူ ဗုံသံစည်းချက်နှင့်အညီ “လူပေါင်းသောင်းချီအက” ကို အတူဆင်နွှဲ ကခုန်လျက်ရှိသည်။ (Xinhua)

-----------------------------

(Chinese Version)

云南陇川:目瑙纵歌活动盛大启幕

10月2日,云南省德宏州陇川县,德宏州2026“各民族同跳一支舞”暨陇川县“目瑙纵歌”活动盛大启幕。目瑙纵歌于2006年被列入首批国家级非物质文化遗产名录。

在活动现场激昂的鼓声中,身着民族盛装的当地少数民族群众与来自五湖四海的游客们,一同踩着整齐有力的鼓点,共跳“万人之舞”。

作者:孙敏、李易晨

摄制:段宗智

素材来源:陇川县融媒体中心

新华社音视频部制作