ကူမင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့တွင် စက်ရုပ်မြွေတစ်ကောင်သည် ၁၀ ကီလိုဗို့ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက် သွားလာစစ်ဆေးလျက်ရှိသည်။

အဆိုပါ မြွေပုံစံတူ စစ်ဆေးရေးစက်ရုပ်ကို China Southern Power Grid ၏ ကူမင်းဓာတ်အားပေးရေးဗျူရိုက တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

၎င်းစက်ရုပ်သည် ဓာတ်အားလိုင်းများတစ်လျှောက် ရွေ့လျားသွားလာနိုင်ပြီး အတားအဆီးများကိုလည်း အလိုအလျောက် ရှောင်ရှားသွားလာနိုင်ပေသည်။ (Xinhua)

……………………………………..

(English Version)

Snake-shaped robot patrols power lines in China's Yunnan

A robot snake crawls along a 10-kilovolt power line in Kunming, southwest China.

The snake-shaped inspection robot was developed by the Kunming Power Supply Bureau of China Southern Power Grid.

It can move along power lines and navigate obstacles autonomously.