တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ DJI ကုမ္ပဏီ၏ ပင်မအရောင်းဆိုင်တစ်ဆိုင်၌ လက်ကိုင်ကင်မရာပစ္စည်း ဝယ်ယူနေသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ DJI ကုမ္ပဏီ၏ ပင်မအရောင်းဆိုင်တစ်ဆိုင်၌ လက်ကိုင်ကင်မရာပစ္စည်း ဝယ်ယူနေသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦးဖြစ်သူ အန်ဒရီယာ ထရီဘိုလ်ဒီသည် ရှည်လျားသော ဈေးဝယ်စာရင်းနှင့်အတူ တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်းရှိ နည်းပညာလုပ်ငန်းထွန်းကားရာ အချက်အချာမြို့ဖြစ်သော ဆန်းကျန့်သို့ ရောက်ရှိပြီးနောက် ထရီဘိုလ်ဒီနှင့် ၎င်း၏ ၁၁ နှစ်အရွယ် သားဖြစ်သူတို့က ကွမ်တုန်းပြည်နယ်ရှိ အဆိုပါမြို့၏ ဒရုန်းများနှင့် အခြားသော နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်များကို ပြသထားသည့် အထင်ကရ သိပ္ပံနှင့်နည်းပညာပြပွဲတစ်ခုသို့ သွားရောက်ကြည့်ရှုရန် အလွန်စိတ်အားထက်သန်လျက်ရှိသည်။

ထရီဘိုလ်ဒီက ခရီးမထွက်မီ တရုတ်ထုတ်ကုန် ၂၀ ကျော်ပါဝင်သော ဈေးဝယ်စာရင်းတစ်ခုကို ကြိုတင်ပြုစုထားခဲ့သည်။ “ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ဆန်းကျန့်မြို့ကို ပထမဆုံးခရီးတစ်ထောက်အဖြစ် ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ အဲဒီမြို့ရဲ့ နည်းပညာ ထွန်းကားမှုကြောင့်ပါပဲ။ ကျွန်တော့်သားက DJI ဒရုန်းတွေကို တော်တော်လေးစိတ်ဝင်စားပြီး အိမ်အပြန်ကျရင် ဒရုန်းတစ်စင်းလောက် ဝယ်သွားချင်နေတာ” ဟု ၎င်းက ပြောသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261002/5551ddc0621541218575b0dc84083ae3/c.html

...............................

(English Version)

Xinhua Headlines: Why global travelers flock to China with empty suitcases

BEIJING, Oct. 2 (Xinhua) -- Andrea Triboldi, an Italian tourist, arrived in China with a long shopping list.

After landing in Shenzhen, a thriving tech hub in southern China, Triboldi and his 11-year-old son couldn't wait to visit a major sci-tech exhibition, which showcased drones and other latest tech products of this city in Guangdong Province.

Prior to the trip, Triboldi had drawn up a shopping list featuring more than 20 Chinese products. "I chose Shenzhen as the first station of our China travel because of its technology. My son is particularly into DJI drones and wants to buy one to take home," he said.

https://english.news.cn/20261002/5551ddc0621541218575b0dc84083ae3/c.html

Photo caption 1: Foreign tourists buy handheld camera equipment at a flagship store of DJI in Shenzhen, south China's Guangdong Province, June 24, 2026. (Xinhua/Liang Xu)

Photo caption 2: Tourists from the Republic of Korea experience AI translator at Huaqiangbei of Shenzhen, south China's Guangdong Province, June 24, 2026. (Xinhua/Liang Xu)