တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Zunyi မြို့တွင် Zunyi အစည်းအဝေးကျင်းပခဲ့ရာ သမိုင်းဝင်နေရာ၌ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်နေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Zunyi မြို့တွင် Zunyi အစည်းအဝေးကျင်းပခဲ့ရာ သမိုင်းဝင်နေရာ၌ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်နေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ Zunyi မြို့တွင် "တပ်နီတော် ဂူသင်္ချိုင်း" ဟု အမှတ်အသားပြုထားသော အုတ်ဂူတစ်ခုရှေ့၌ ရပ်နေသော Kong Xia က ဧည့်သည်များအား ထိုအုတ်ဂူအောက်တွင် မြှုပ်နှံထားသော လူငယ်ဆေးတပ်သားလေးအကြောင်းကို ပြောပြခဲ့သည်။

၁၉၃၅ ခုနှစ် ဇန်နဝါရီလတွင် တပ်နီတော် ခရီးရှည်ချီတက်ခဲ့စဉ်က Zunyi မြို့သို့ ရောက်ရှိချိန်တွင် ထိုဆေးတပ်သားမှာ အသက် ၁၈ နှစ်သာ ရှိသေးသည်။ နာမကျန်းဖြစ်နေသော ရွာသူရွာသားများကို ကုသပေးရန် နောက်ချန်နေရစ်ခဲ့ရာမှ ၎င်း၏တပ်ဖွဲ့နှင့် အဆက်အသွယ်ပြတ်သွားပြီး ရန်သူ့တပ်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဒေသခံပြည်သူများက ၎င်းတို့၏ အသက်အန္တရာယ်ကိုမမှုဘဲ ထိုဆေးတပ်သား၏ အလောင်းကို တိတ်တဆိတ် မြှုပ်နှံပေးခဲ့ကြသည်။

တစ်ခါက ထိုအဖြစ်အပျက်များကို နားထောင်ခဲ့သည့် နိုင်ငံခြားသားတစ်ဦးက "မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုကို နောင်နှစ်ပေါင်းတစ်ရာ ကြာတဲ့အထိ အောက်မေ့သတိရကြတယ်" ဟု ထိုအုတ်ဂူရှေ့တွင် ၎င်းအား ပြောခဲ့ဖူးသည်။

အသက် ၅၆ နှစ်အရွယ် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး ခရီးရှည်ချီတက်ပွဲအကြောင်းကို ဆယ်စုနှစ်သုံးခုကျော်တိုင်တိုင် ပြောပြခဲ့သူလည်းဖြစ်သည့် Kong Xia အတွက် ထိုစကားလုံးများက  အားလုံးနှင့်သက်ဆိုင်သော အရာတစ်ခုကို ညွှန်းပြလျက်ရှိသည်။ ခရီးရှည်ချီတက်ပွဲက ဖြစ်ပေါ်စေခဲ့သော ခံစားချက်များဖြစ်သည့် ကရုဏာ၊ ဇွဲသတ္တိနှင့် ကောင်းမွန်သောဘဝကို တောင့်တမှုတို့သည် ဘာသာစကားတစ်ခုတည်း သို့မဟုတ် လူမျိုးတစ်မျိုးတည်းနှင့်သာ သက်ဆိုင်နေခြင်းမဟုတ်ပေ။ သမိုင်းဝင်ခရီးရှည်ကြီး ပြီးဆုံးပြီး နှစ်ပေါင်း ၉၀ ကြာသည့်တိုင် ထိုအဖြစ်အပျက်များကို  နားထောင်မည့်သူအသစ်များ ထပ်မံပေါ်ထွက်နေဆဲဖြစ်သလို နေ့စဉ်ဘဝများကို ကိုယ်စီဖြတ်သန်းနေသော ပြည်သူများအတွက်လည်း စိတ်ခွန်အားများ ပေးစွမ်းနေဆဲဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261003/27598905ec7c4f5f87c067ccb583f0f7/c.html

.................................

(English Version)

90 years on, Long March stories resonate across generations and borders

GUIYANG, Oct. 3 (Xinhua) -- Standing before a grave marked "Red Army Tomb" in Zunyi, a city in southwest China's Guizhou Province, Kong Xia told visitors about the young medic buried beneath it.

The medic was only 18 years old in January 1935, when the Red Army reached Zunyi during the Long March. Staying behind to treat sick villagers, he lost contact with his unit and was killed by enemy forces. Local people, risking their own lives, secretly buried the body.

A foreign listener once told her before the tomb: "A good deed is remembered, even a hundred years later."

For Kong Xia, a 56-year-old volunteer who has told Long March stories for more than three decades, the words capture something universal. The feelings the Long March evokes -- kindness, perseverance, longing for a good life -- belong to no single language or nation. Ninety years after the epic journey, the stories are finding new listeners and inspiring people in their everyday lives.

https://english.news.cn/20261003/27598905ec7c4f5f87c067ccb583f0f7/c.html

Photo caption: An aerial drone photo taken on Sept. 28, 2026 shows visitors posing for a group photo at the historical site of the Zunyi Meeting in Zunyi City, southwest China's Guizhou Province. (Xinhua/Yang Wenbin)