
ကိဗ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုများကို ကူညီပံ့ပိုးသည့် ရန်ပုံငွေအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂ (EU) ထံမှ ယူရို ၂.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၆ ဘီလီယံ) ရရှိခဲ့ကြောင်း ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ယခု ရန်ပုံငွေသည် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုရန် ဦးစားပေးဘတ်ဂျက် အသုံးစရိတ်များအတွက် ငွေကြေးထောက်ပံ့ရန်၊ ပြန်လည်ထူထောင်ရေးနှင့် ခေတ်မီတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အပြင် အီးယူအဖွဲ့ဝင်ဖြစ်ရေးလမ်းကြောင်းပေါ်ရှိ ပြုပြင်ပြောင်းလဲမှုများအကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံက စုစုပေါင်းရရှိမည့်ငွေပမာဏထဲမှ ယူကရိန်းအထောက်အပံ့ချေးငွေ (USL) အစီအစဉ်အောက်တွင် ပထမဆုံးအကြိမ်အဖြစ် ယူရို သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၈၉၈ သန်း) ရရှိခဲ့ခြင်း ဖြစ်သည်။
USL သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်များအတွက် ယူကရိန်း၏ဘတ်ဂျက်နှင့်ကာကွယ်ရေးလိုအပ်ချက်များကို ကူညီပံ့ပိုးရန် ရည်ရွယ်ထားသည့် ယူရို ဘီလီယံ ၉၀ (ဒေါ်လာ ၁၀၁ ဘီလီယံ) တန်ဖိုးရှိ အီးယူ၏ဘဏ္ဍာရေး ထောက်ပံ့မှုယန္တရားတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
Ukraine gets 2.9 bln euros from EU to support economy, reforms
KIEV, Oct. 3 (Xinhua) -- Ukraine received 2.9 billion euros (3.26 billion U.S. dollars) from the European Union (EU) as part of the funding to support the country's economic stability and reform efforts, the Ukrainian Finance Ministry said Friday.
The funding is aimed at supporting macroeconomic stability, financing priority budget expenditures, recovery and modernisation, as well as implementing reforms on the country's path towards EU membership, the ministry said in a statement.
Of the total sum, Ukraine received 800 million euros (898 million dollars) for the first time under the Ukraine Support Loan (USL).
USL is an EU financial instrument worth 90 billion euros (101 billion dollars) for 2026-2027, aimed at supporting Ukraine's budgetary and defence needs.
Photo caption: Flags of European Union (EU) and Ukraine are seen at the EU headquarters in Brussels, Belgium, Feb. 24, 2025. (Xinhua/Zhao Dingzhe)








