
ပနားမားစီးတီး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ဒိုမီနီကန် နိုင်ငံခြားရေးဝန်ကြီး Victor Bisono က နီကာရာဂွါနိုင်ငံ အခြေစိုက် ဒိုမီနီကန် သံတမန်အဖွဲ့အား ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ကြောင်း ကြေညာလိုက်သည်ဟု ဒိုမီနီကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
Victor Bisono သည် ထိုနေ့တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ကျင်းပသော အမေရိကတိုက်နိုင်ငံများအဖွဲ့ ၃၁ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် အဆိုပါဆုံးဖြတ်ချက်အား ကြေညာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒိုမီနီကန်နှင့် နီကာရာဂွါ နှစ်နိုင်ငံဆက်ဆံရေးသည် ယခုနှစ် ဇူလိုင်လမှစ၍ တင်းမာမှုဖြစ်လာခဲ့သည်။ ဒိုမီနီကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နီကာရာဂွါအစိုးရအနေဖြင့် ၎င်းတို့၏ ဒိုမီနီကန်နိုင်ငံအခြေစိုက် သံရုံးအား ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ကို သတိပြုမိကြောင်း၊ ဒိုမီနီကန်အနေဖြင့် ဇူလိုင် ၂၃ ရက်တွင် ၎င်းတို့၏ နီကာရာဂွါနိုင်ငံ အခြေစိုက် သံအမတ်ကြီးအား ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ်ရာ ထို့နောက်ပိုင်း သံရုံးကို ယာယီတာဝန်ခံအဆင့်ဖြင့်သာ ထိန်းသိမ်းထားကြောင်း စက်တင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
多米尼加外交部决定撤回驻尼加拉瓜使团
新华社巴拿马城10月2日电(记者李佳旭)圣多明各消息:据多米尼加外交部2日发布的公告,多外长比索诺宣布,决定撤回多米尼加驻尼加拉瓜使团。
公告说,比索诺当天在美国首都华盛顿举行的美洲国家组织第31次外长会上宣布这一决定。
多米尼加与尼加拉瓜两国关系自今年7月以来趋于紧张。多米尼加外交部9月9日发表声明称,注意到尼加拉瓜政府关闭其驻多大使馆的决定,多米尼加已于7月23日召回其驻尼大使,此后大使馆一直保持着临时代办级别。(完)
图说1:这是2024年5月21日在多米尼加首都圣多明各拍摄的国旗广场。新华社记者 李梦馨 摄
图说2:这是2021年9月20日在尼加拉瓜首都马那瓜的蒂斯卡帕公园拍摄的尼加拉瓜民族英雄桑地诺雕像。新华社发(戴维·德拉帕斯摄)





b6c85cb1129462916e9d61b20adf8b95fe544ca5.article_card.avif)


