
ကိုင်ရို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ဆူဒန်အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ စစ်ပွဲ အဆုံးသတ်နိုင်ရေး ကူညီရန်နှင့် ဆူဒန်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း လျော့ပါးသက်သာစေရန် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒဲလ်ဖာတာ အယ်လ်စီစီ က အောက်တိုဘာ ၄ ရက်တွင် ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ New Alamein မြို့၌ ကျင်းပပြုလုပ်ခဲ့သော အာဖရိကသမဂ္ဂ၏ ၈ ကြိမ်မြောက် နှစ်ဝက်ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေး၏ ပြင်ပတွင် ဆူဒန်နိုင်ငံ အကူးအပြောင်းကာလ အချုပ်အခြာအာဏာကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan နှင့် တွေ့ဆုံစဉ် အယ်လ်စီစီက အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း အီဂျစ်သမ္မတရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲအတွင်း အယ်လ်စီစီ က ဆူဒန်ပြည်သူလူထု၊ ဆူဒန်နိုင်ငံ၏ စည်လုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံရေးနှင့် နိုင်ငံတော် အဖွဲ့အစည်းများ၏ စုစည်းညီညွတ်မှုကို ထိန်းသိမ်းရန် ကိစ္စရပ်များအပေါ် အီဂျစ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်အားပေးမှုကို ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
ထို့ပြင် ဆူဒန်နိုင်ငံသည် ၎င်း၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ရရှိစေရန်၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ရန်အတွက် ဆူဒန်အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ဆူဒန်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများ သက်သာရာရစေရန် အီဂျစ်နိုင်ငံအနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
Al-Burhan ကလည်း အီဂျစ်နိုင်ငံအနေဖြင့် ဆူဒန်နိုင်ငံအား ပံ့ပိုးပေးနေသော နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး စစ်ပွဲကြောင့် မိမိတို့နိုင်ငံမှ စွန့်ခွာထွက်ပြေးခဲ့ရသည့် ဆူဒန်နိုင်ငံသား အများအပြားကို လက်ခံပေးထားမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
ဆူဒန်နိုင်ငံတွင်၂၀၂၃ ခုနှစ် ဧပြီလမှစတင်၍ ဆူဒန်နိုင်ငံစစ်တပ်နှင့် ပြည်သူ့စစ် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ Rapid Support Forces တို့အကြား သေကျေပျက်စီးမှုများသောစစ်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ ပဋိပက္ခကြောင့် ဆူဒန်နိုင်ငံအတွင်းနှင့် အပြင်ဘက်တွင် လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ နိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်းများကို ပိုမိုဆိုးရွားစေခဲ့သည်။ (Xinhua)
------------------------------------------
(English Version)
Egyptian president pledges efforts to advance political solution to Sudan crisis
CAIRO, Oct. 4 (Xinhua) -- Egyptian President Abdel Fattah El-Sisi on Sunday reaffirmed Egypt's efforts to advance a political solution to the Sudan crisis, help end the war and alleviate the humanitarian suffering of the Sudanese people.
Sisi made the remarks during a meeting with Chairman of Sudan's Transitional Sovereign Council Abdel Fattah Al-Burhan on the sidelines of the 8th Mid-Year Coordination Meeting of the African Union in Egypt's New Alamein, the Egyptian presidency said in a statement.
During the meeting, Sisi reaffirmed Egypt's steadfast support for the Sudanese people and preserving Sudan's unity, sovereignty, territorial integrity, and the cohesion of its national institutions.
He also emphasized Egypt's continued efforts to advance a political solution to the crisis and alleviate the humanitarian suffering of the Sudanese people, thereby enabling Sudan to restore its security and stability and embark on the path of reconstruction and development.
For his part, Al-Burhan expressed appreciation for the political and humanitarian support Egypt provides to Sudan, as well as its hosting of large numbers of Sudanese citizens forced to leave their country due to the war.
Sudan has been witnessing a deadly war between the Sudanese Armed Forces and the paramilitary Rapid Support Forces since April 2023.
The conflict has killed thousands and displaced millions of people inside and outside Sudan, while exacerbating the country's humanitarian and food crises.
Photo Caption :Egyptian President Abdel-Fattah al-Sisi speaks during his swearing-in ceremony at the headquarters of the Egyptian Parliament in the New Administrative Capital, Egypt, April 2, 2024. (Egyptian Presidency/Handout via Xinhua)





b6c85cb1129462916e9d61b20adf8b95fe544ca5.article_card.avif)


