
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် သင်္ဘောများ တိုက်ခိုက်ခံရမှု ရှိနေသော်လည်း စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်၏ ၇ ရက်အနက် ၄ ရက်အတွင်း အရှေ့အလယ်ပိုင်းဒေသ ရေနံစိမ်းတင်ပို့မှုပမာဏမှာ အီရန်စစ်ပွဲမတိုင်မီကာလ၏ ပမာဏထက် ကျော်လွန်ခဲ့သည်ဟု နိုင်ငံတကာစျေးကွက်သုတေသနအဖွဲ့အစည်း Kpler ကုမ္ပဏီက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။
Kpler ၏ ကနဦးအချက်အလက်များအရ အရှေ့အလယ်ပိုင်းဒေသ၏ စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ရေနံစိမ်းတင်ပို့မှုပမာဏသည် တစ်ရက်လျှင် ရေနံစည် ၁၉.၅ သန်းမှ ၂၂.၅ သန်းအကြားသို့ မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အီရန်စစ်ပွဲမဖြစ်ပွားမီတစ်နှစ် ဆိုလိုသည်မှာ ၂၀၂၅ ခုနှစ် မတ်လမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ယင်းဒေသ၏ ရေနံစိမ်းတင်ပို့မှုပမာဏသည် တစ်ရက်လျှင် ပျမ်းမျှစည်ပေါင်း ၁၈ သန်းဖြစ်သည်။
အချက်အလက်များအရ အောက်တိုဘာ ၁ ရက်တွင် ရေနံစိမ်းတင်ပို့မှု၏ ၇ ရက်တာ ရွေ့လျားမှု ပျမ်းမျှပမာဏမှာ တစ်ရက်လျှင် စည် ၁၈.၅ သန်းဖြစ်ပြီး ယင်းတို့တွင် ဟော်မုဇ်ရေလက်ကြား၊ ပင်လယ်နီရေလမ်းကြောင်းမှ သယ်ယူပို့ဆောင်မှု၊ ရေနံစိမ်းတင်ပို့သည့် ဂိတ်အသီးသီးမှ တင်ပို့မှုအပြင် အိုမန်ပင်လယ်ကွေ့တွင် ပြုလုပ်သော သင်္ဘောချင်း ကူးပြောင်းတင်ပို့မှုများလည်း ပါဝင်သည်။
စက်တင်ဘာလတွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့သော သဘာဝဓာတ်ငွေ့ရည် (LNG) သည်လည်း တိုးမြင့်ခဲ့ပြီး ဖေဖော်ဝါရီလနောက်ပိုင်း လစဉ် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
အထက်ပါအချက်အလက်များသည် အလိုအလျောက် ခွဲခြားသတ်မှတ်ရေးစနစ် (AIS) ကို ပိတ်ထားသော သင်္ဘောများ၏ ကုန်တင်ဆောင်နိုင်မှုပမာဏကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။
ထို့အပြင် ဟော်မုဇ်ရေလက်ကြားနှင့် ပတ်ဝန်းကျင်ဒေသတွင် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ အောက်တိုဘာ ၂ ရက်မှ ၅ ရက်အထိ ဟော်မုဇ်ရေလက်ကြား သို့မဟုတ် အေဒင်ပင်လယ်ကွေ့တွင် နေ့စဉ် အနည်းဆုံး တိုက်ခိုက်မှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု စိစစ်ရေးအဖွဲ့ (UKMTO) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ (Xinhua)
....................................
(Chinese Version)
克普勒:9月末中东原油出口量超过伊朗战事前水平
新华社北京10月5日电 国际市场服务机构克普勒公司5日发布的数据显示,虽然有船只在穿越霍尔木兹海峡时遇袭,但9月最后一周的7天中,有4天中东地区原油出口量超过伊朗战事爆发前水平。
据路透社报道,克普勒的初步数据显示,中东地区原油出口量在9月24日以及9月27日至29日期间升至每日1950万桶至2250万桶之间。而在伊朗战事爆发前的一年,即2025年3月至今年2月,该地区原油出口量为日均1800万桶。
数据显示,10月1日,原油出口的7天移动平均值为每日1850万桶,其中包括经霍尔木兹海峡、红海航道的运输,以及来自各原油出口终端和在阿曼湾进行的船对船转运。
9月经霍尔木兹海峡运出的液化天然气也有所增加,达到2月以来的最高月度水平。
上述数据未将关闭自动识别系统(AIS)的船舶运载量统计在内。
另外,霍尔木兹海峡及周边地区仍有针对货轮的袭击。英国海上贸易行动办公室网站显示,2日至5日,霍尔木兹海峡或亚丁湾每天至少发生一起袭击事件。(乔颖)
图说:这是阿曼新闻部6月20日提供的霍尔木兹海峡资料图片。新华社发




b6c85cb1129462916e9d61b20adf8b95fe544ca5.article_card.avif)



