အီရန်က ၇ ရက်ကြာ ပဋိပက္ခရပ်စဲရေး အစီအစဉ်အပေါ် အမေရိကန်၏သဘောထားကို ပြန်လည်သုံးသပ်နေဟု အဆင့်မြင့်သံတမန် ပြော

အီရန်ဘက်က လက်ရှိတွင် မကြာသေးမီက တင်ပြခဲ့သည့် ပဋိပက္ခရပ်စဲရေးနှင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး အဆိုပြုချက်အပေါ် အမေရိကန်၏ သဘောထားကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း အီရန် အဆင့်မြင့် သံတမန်တစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်ဟု အစိုးရတစ်စိတ်တစ်ပိုင်းပိုင် Fars သတင်းဌာနက ဖော်ပြသည်။

အီရန်နိုင်ငံ ဥပဒေနှင့် နိုင်ငံတကာရေးရာဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi က တီဟီရန်မြို့တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် အီရန်၏ အဆိုပြုချက်အပေါ် ၎င်းတို့၏ သဘောထားကို ပေးပို့ထားကြောင်း သိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယတ် အာဘတ်စ် အာရက်ဂ်ချီက ယမန်လက နယူးယောက်မြို့တွင် အခြားဘက်သို့ အဆိုပြုခဲ့သည့် အီရန်၏ အဆိုပြုချက်မှာ “၇ ရက်ကြာ အစီအစဉ်” ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် မဲပေးခြင်း စတင်

ဘရာဇီးနိုင်ငံ၏ ၂၀၂၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ပထမအဆင့် မဲပေးမှုကို အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီတွင် တရားဝင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မဲရုံများကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပိတ်သိမ်းမည်ဖြစ်သည်။

မဲရုံများပိတ်သိမ်းပြီး နာရီအနည်းငယ်အတွင်း ကနဦး မဲရလဒ်များကို ထုတ်ပြန်မည်ဟု မျှော်မှန်းထားသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လူထုသဘောထားစစ်တမ်းများအရ အာဏာရ အလုပ်သမားပါတီမှ လက်ရှိသမ္မတ Luiz Inacio Lula da Silva နှင့် ဘရာဇီး လစ်ဘရယ်ပါတီ၏ သမ္မတလောင်း၊ သမ္မတဟောင်း Jair Bolsonaro ၏ သားဖြစ်သူ Flavio Bolsonaro တို့သည် အခြားကိုယ်စားလှယ်လောင်းများထက် သိသိသာသာ အသာစီးရရှိကာ ရွေးကောက်ပွဲတွင် ဦးဆောင်နေကြသည်။

ထရမ့်က AI လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် ဖက်ဒရယ်အဖွဲ့သစ် ဖွဲ့စည်းကြောင်း ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရ၏ ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ ကြိုးပမ်းမှုများကို ပေါင်းစပ်ညှိနှိုင်းရန် ဖက်ဒရယ်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းကြောင်း အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

“Super Intelligence Force” ဟု အမည်ပေးထားသည့် အဆိုပါအဖွဲ့သည် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ AI နယ်ပယ်တွင် ဆက်လက်ဦးဆောင်နိုင်ရေးအတွက် အစိုးရ၏ ကြိုးပမ်းမှုများကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်မည်ဟု ထရမ့်က Truth Social တွင် ပို့စ်တင်ရေးသားခဲ့သည်။

ထို့အပြင် အဆိုပါအဖွဲ့သည် စားသုံးသူများ၊ အများပြည်သူ အကျိုးစီးပွားအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အရေးပါသော အခြေခံအဆောက်အအုံ ဝန်ဆောင်မှုပေးသူများနှင့် AI ကုမ္ပဏီများနှင့် အစိုးရ၏ ဆက်ဆံရေးကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးမည်ဟု ယင်းပို့စ်၌ ဖော်ပြထားသည်။

အဆိုပါပို့စ်အရ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ Jay Clayton က အဆိုပါအဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်က Brexit အချေအတင်ဆွေးနွေးမှုကို ပြန်လည်ဖွင့်လှစ်သော်လည်း အီးယူသို့ ပြန်လည်ဝင်ရောက်ရေး မသေချာသေး

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Andy Burnham က ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်၏ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ အချေအတင်ဆွေးနွေးမှုကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးတွင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခြင်းကိုမူ ရွေးချယ်စရာတစ်ရပ်အဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

၎င်း၏ မှတ်ချက်များက လေဘာပါတီ၏ ယခင်က သတ်မှတ်ထားသည့် မကျော်လွန်ရမည့် စည်းမျဉ်းများကို စိန်ခေါ်လိုက်ခြင်းဖြစ်သလို EU နှင့် ဆက်ဆံရေးများကို ပြန်လည်တည်ဆောက်ရာတွင် ဗြိတိန်အနေဖြင့် မည်မျှအထိ သွားရန် အသင့်ရှိသနည်းဆိုသည့် အဓိကမေးခွန်းကို ဖြစ်ပေါ်စေခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် လေဘာပါတီညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ Burnham က “Brexit ဟာ အကောင်းထက် အဆိုးကိုပိုပြီးဖြစ်စေပါတယ်” ဟု ပြောကြားပြီး ဥရောပမိတ်ဖက်နိုင်ငံများနှင့် “ဗြိတိန်၏ ရေရှည်ဆက်ဆံရေး” အတွက် ရွေးချယ်စရာများကို တင်ပြခဲ့သည်။

ဇယ်လန်းစကီးနှင့် Merz တို့က ယူကရိန်းအတွက် ယူရို ၁.၃ ဘီလီယံကျော် တန်ဖိုးရှိ ထောက်ပံ့ရေးအစီအစဉ် သဘောတူ

ယူကရိန်းနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံထံမှ ယူရို ၁.၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံ) တန်ဖိုးရှိ ထောက်ပံ့ရေးအစီအစဉ်သစ်တစ်ရပ် လက်ခံရရှိမည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အောက်တိုဘာ ၄ ရက်တွင် ခရီးစဥ်လာရောက်သော ဂျာမနီဝန်ကြီးချုပ် Friedrich Merz နှင့် တွေ့ဆုံပြီးနောက် ကြေညာခဲ့သည်။

“ဒီထဲမှာ အခုအချိန်မှာ ကျွန်တော်တို့ကို အကူအညီဖြစ်စေမယ့် လက်နက်တွေ၊ ဆောင်းရာသီမတိုင်မီ ကျွန်တော်တို့ရဲ့ စွမ်းအင်ကဏ္ဍအတွက် အထောက်အပံ့တွေ ပါဝင်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ စွမ်းအင်ထောက်ပံ့ရေး အစီအစဉ်တစ်ခုပါ” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သလို Merz နှင့် ဆွေးနွေးရာ၌ လေကြောင်းရန်ကာကွယ်ရေးအတွက် လိုအပ်ချက်ကိုလည်း အထူးအလေးထား ဆွေးနွေးခဲ့ကြောင်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

လက်ရှိတွင် ယူကရိန်းနှင့် ဂျာမနီတို့အကြား ယူရို ၈.၅ ဘီလီယံကျော် တန်ဖိုးရှိသည့် သဘောတူညီချက် ၁၅ ခု ရရှိထားကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယီမင်တွင် အစိုးရတပ်များ စစ်ဆင်ရေးသစ် စတင်နေစဉ် ဆော်ဒီ၏ တိုက်ခိုက်မှု ၁၀၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့ ထုတ်ပြန်

ယီမင်နိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု အစိုးရက ဟူသီအဖွဲ့ထံမှ နယ်မြေများ ပြန်လည်ရယူရန် စစ်ရေးစစ်ဆင်ရေးအသစ်တစ်ရပ်ကို ကြေညာခဲ့ပြီး နိုင်ငံအတွင်း တင်းမာမှုများ ပိုမိုကျယ်ပြန့်လာသလို ဆော်ဒီအာရေဗျက ဟူသီတို့ ထိန်းချုပ်ထားသည့် နယ်မြေများအပေါ် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု ၁၀၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့က အောက်တိုဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

ဆော်ဒီ၏ တိုက်ခိုက်မှုများကြောင့် မြို့တော် ဆန်နားနှင့် Al-Jawf ၊ Taiz အပါအဝင် ပြည်နယ်များကို ထိမှန်ခဲ့ကြောင်း ဟူသီအဖွဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က လူမှုကွန်ရက် X တွင် ပို့စ်တင်ရေးသားခဲ့သည်။ (Xinhua)

………..

(English Version)

Daily World Briefing, Oct. 5

Iran reviewing U.S. views on 7-day plan to cease hostilities: senior diplomat

A senior Iranian diplomat said Sunday that Iran is currently reviewing U.S. views on Tehran's recent proposal to cease hostilities and reopen the Strait of Hormuz, according to the semi-official Fars news agency.

Iran's Deputy Foreign Minister for Legal and International Affairs Kazem Gharibabadi made the remarks in Tehran, saying that the United States has submitted its views on Iran's proposal through mediators.

He stressed that Iran's proposal is the "seven-day plan" that was presented to the other side by Iranian Foreign Minister Seyed Abbas Araghchi in New York late last month.

Voting begins in Brazil's presidential election

Voting in the first round of Brazil's 2026 presidential election officially began at 8 a.m. (1100 GMT) on Sunday, with polling stations across the country scheduled to close at 5 p.m. (0800 GMT).

Initial results are expected to be announced within a few hours after the polls close.

Recent opinion polls showed incumbent President Luiz Inacio Lula da Silva of the ruling Workers' Party and Flavio Bolsonaro, the presidential candidate of Brazil's Liberal Party and son of former President Jair Bolsonaro, leading the race with a significant advantage over other candidates.

Trump announces new federal task force to coordinate AI efforts

U.S. President Donald Trump on Sunday announced a new federal task force to coordinate the government's efforts on artificial intelligence (AI).

Trump said in a Truth Social post that the task force, named the "Super Intelligence Force," will coordinate federal efforts to ensure the United States continues to lead the world in AI.

It will also coordinate the government's engagement with consumers, public interest groups, religious organizations, critical infrastructure providers and AI companies, according to the post.

According to the post, Director of National Intelligence Jay Clayton will lead the task force.

British PM reopens Brexit debate, but return to EU remains uncertain

British Prime Minister Andy Burnham has reopened the debate over Britain's relationship with the European Union (EU), putting eventual membership among the options.

His remarks challenge Labour's previous red lines and raise a central question: how far is Britain prepared to go in rebuilding ties with the bloc?

In his first Labour Party conference speech as prime minister on Tuesday, Burnham said "Brexit has done more harm than good," and laid out options for "Britain's long-term relationship with our European partners."

Zelensky, Merz agree on 1.3-bln-euro support package for Ukraine

Ukraine will receive a new support package from Germany worth more than 1.3 billion euros (1.46 billion U.S. dollars), Ukrainian President Volodymyr Zelensky announced Sunday following his meeting here with visiting German Chancellor Friedrich Merz.

"It includes weapons that will help us now, as well as support for our energy sector ahead of winter -- an important energy package," Zelensky said on X, noting that he particularly discussed with Merz the need for air defense.

Zelensky said Ukraine and Germany currently have 15 agreements worth more than 8.5 billion euros.

Houthis report 106 Saudi strikes amid new gov't military campaign in Yemen

Yemen's Houthi group said Sunday that Saudi Arabia had launched 106 air and missile strikes across Houthi-held areas over the past 24 hours, as the internationally recognized government announced a new military campaign to retake territory from the group amid a widening escalation in the country.

Houthi military spokesperson Yahya Sarea said on social media platform X that the Saudi attacks hit the capital Sanaa and provinces including Al-Jawf and Taiz.