ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရာတွင် ဆန်းသစ်တီထွင်မှု၏ အရေးပါပုံကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၉ ရက်၌ အလေးပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် သမ္မတ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှု ရလဒ်များ လက်တွေ့အသုံးချမှု လွယ်ကူချောမွေ့စေရန်၊ ပွင့်လင်းမြင်သာမှုရှိ၍ မျှတသော၊ သမာသမတ်ကျ၍ ခွဲခြားဆက်ဆံမှုမရှိသော ပူးပေါင်းဆောင်ရွက်မှု ဝန်းကျင်တစ်ခုကို ဖန်တီးပျိုးထောင်ရန် မဖြစ်မနေလိုအပ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
..................................
(English Version)
Xi stresses innovation in building Asia-Pacific community
SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday emphasized the importance of innovation in building an Asia-Pacific community.
Xi made the remarks at the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting held in Shenzhen, south China's Guangdong Province.
It is imperative to encourage exchanges and cooperation on the sci-tech front, facilitate the utilization of innovation outcomes, and foster a cooperation environment that is open, fair, just and non-discriminatory, Xi said.








