
အဒစ်အာဘာဘာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အီရီထရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် အီသီယိုးပီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအားလုံး ဖြတ်တောက်ကြောင်း ကြေညာချက်ထုတ်ပြန်၍ ကြေညာခဲ့သည်။
အီသီယိုးပီးယားနိုင်ငံအစိုးရက ထိုနေ့တွင် “တိုက်ရိုက်နှင့် ကြားခံဖြစ်သော ရန်လိုမှုနှင့် ရန်စသည့်လုပ်ရပ်” ဟူသည့် အကြောင်းပြချက်ဖြင့် အီသီယိုးပီးယားနိုင်ငံဆိုင်ရာ အီရီထရီးယားနိုင်ငံ သံရုံးအား ပိတ်သိမ်းသည်ဟု ကြေညာခဲ့ပြီး အီရီထရီးယား သံတမန် ၁၀ ဦးကို “မကြိုဆိုအပ်သောသူ” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် အီရီထရီးယားအနေဖြင့် အီသီယိုးပီယားနှင့် သံတမန်ဆက်ဆံရေး အားလုံးဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီရီထရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သည့် ၃ နှစ်အတွင်း အီသီယိုးပီးယားသည် အီရီထရီးယားအပေါ် “ရန်လိုသည့်လှုပ်ရှားမှုများ” အစဉ်အမြဲ တွန်းအားပေး ဖော်ဆောင်ခဲ့သည့်အပြင် အီရီထရီးယားနိုင်ငံ “အစိုးရအပြောင်းအလဲ” ဖြစ်စေရန်အတွက် “အီရီထရီးယားနိုင်ငံ ပြည်တွင်းပဋိပက္ခကို လှုံ့ဆော်လျက်ရှိကြောင်း” ဆိုခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ၎င်းတို့၏ အီရီထရီးယားနိုင်ငံ မြို့တော်အက်စ်မာရာရှိ သံရုံးအား ပိတ်သိမ်းသည်ဟု ကြေညာခဲ့ပြီး အီသီယိုးပီးယားနိုင်ငံ အခြေစိုက် အီရီထရီးယား သံတမန် ၁၀ ဦးအား “မကြိုဆိုအပ်သောသူ” အဖြစ် သတ်မှတ်ခဲ့ကာ ၎င်းတို့ကို ၄၈ နာရီအတွင်း အီသီယိုးပီးယားနိုင်ငံ ပြည်တွင်းမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။
လတ်တလောကာလတွင် Tigray ပြည်သူ့လွတ်မြောက်ရေးရှေ့တန်း လက်နက်ကိုင်တပ်ဖွဲ့နှင့် အီသီယိုးပီးယားနိုင်ငံ အစိုးရတပ်တို့သည် အဆိုပါနိုင်ငံ မြောက်ပိုင်းဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့သည်။ အီရီထရီးယားသည် အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း၌ အစိုးရတပ်နှင့် စစ်ဆင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့အား ပံ့ပိုးပေးနေသည်ဟု အီသီယိုးပီးယားဘက်က ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
厄特宣布与埃塞断绝外交关系
新华社亚的斯亚贝巴10月1日电(记者刘方强)阿斯马拉消息:厄立特里亚外交部1日发布声明,宣布断绝与埃塞俄比亚所有外交关系。
声明说,埃塞政府当天以所谓“直接和间接的敌对及挑衅行为”为由宣布关闭厄立特里亚驻埃塞大使馆,并将10名厄特外交官列为“不受欢迎的人”。在当前情况下,厄立特里亚决定断绝与埃塞俄比亚所有外交关系。
厄立特里亚外交部说,过去三年来埃塞俄比亚一直对厄立特里亚推行“敌对行动”,并“煽动厄立特里亚内部冲突”,以实现厄特“政权更迭”。
埃塞外交部1日发布声明,宣布关闭其在厄立特里亚首都阿斯马拉的大使馆,并将10名厄立特里亚驻埃塞外交官列为“不受欢迎的人”,要求其在48小时内离境。近期,“提格雷人民解放阵线”武装与埃塞政府军在该国北部地区发生冲突。埃塞方面指责厄立特里亚支持在埃塞北部与政府军作战的武装团体。(完)
图说1:2023年5月9日,一辆汽车从厄立特里亚首都阿斯马拉的阿斯马拉大教堂前驶过。新华社记者 王冠森 摄
图说2:这是2024年2月28日在埃塞俄比亚首都亚的斯亚贝巴友谊广场拍摄的景色。新华社发(迈克尔·特韦尔德摄)





b6c85cb1129462916e9d61b20adf8b95fe544ca5.article_card.avif)


